ယူကရိန်းပြည်သူ ၆ သန်းခန့်ကို ၂၄ နာရီအတွင်း လျှပ်စစ်မီးပြန်ပေးနိုင်ဟု ဇလန်းစကီးပြော

ယူကရိန်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့စနစ်ကို အပြင်းအထန် တိုက်ခိုက်ခံရအပြီး ၂၄ နာရီအတွင်း လူပေါင်း ၆ သန်းနီးပါးကို လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
"မနေ့က အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပြုပြင်ရေး လုပ်ငန်းကို မရပ်မနား ဆက်လုပ်နေပြီး စနစ် တည်ငြိမ်ဖို့ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်”လို့ သူက ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
အနွေးဓာတ်နဲ့ ရေဖြန့်ဖြူးဖို့ ပြဿနာတွေ ရှိနေပြီး ကိဗ် ၊ ဗင်နစ်စီယာနဲ့ အယ်လ်ဗစ် မြို့တွေကနေ အနောက်ဘက်ခြမ်းတွေမှာ အခက်ဆုံး အခြေအနေကို ကြုံတွေ့နေရတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားနိုင်ငံဟာ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနိုင်ငံထဲကို ကျူးကျော် ဝင်ရောက်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တရစပ် ပစ်ခတ်မှုတွေထဲက တစ်ခုအနေနဲ့ ဒီဇင်ဘာ ၁၆ ရက် တရက်တည်းမှာ ဒုံးကျည်အလုံး ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။