close

မက်ဆီ၏ အာရပ်ဝတ်ရုံကို ဒေါ်လာ ၁ သန်းပေးမည်ဟု အိုမန်လွှတ်တော်အမတ် ကမ်းလှမ်း

ကမ္ဘာ့ဖလားချန်ပီယံဆုပေးပွဲအခမ်းအနားမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဝတ်ဆင်ခဲ့တဲ့ အာရပ်ရိုးရာဝတ်ရုံကို ဒေါ်လာ ၁ သန်းပေးမယ်လို့ အိုမန်လွှတ်တော်အမတ်က ကမ်းလှမ်းလိုက်ပါတယ်။ 

ကမ္ဘာ့ဖလားချန်ပီယံ ဆုမယူခင်မှာ ကာတာစော်ဘွားတစ်ဦးက မက်ဆီကို အနက်ရောင်ခြုံလွှာ အပေါ်ရွှေရောင်ကွပ်ထားတဲ့ ဝတ်ရုံ တခုကို ဝတ်ဆင်စေခဲ့တာပါ။

မက်ဆီဟာ အဲဒီဝတ်ရုံကို ဝတ်ဆင်ပြီး အောင်ပွဲခံစင်မြင့်ထက်မှာ ဆုဖလားကိုင်ပြီး အသင်းသားတွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီခြုံလွှာဟာ အာရပ်လူမျိုးတွေရဲ့ ထူးခြားတဲ့အခမ်းအနားတွေ၊ မင်္ဂလာဆောင်တွေနဲ့ ဘာသာရေးပွဲတော်တွေမှာ အထင်ကရလူပုဂ္ဂိုလ်တွေက ဝတ်ဆင်လေ့ရှိပါတယ်။

အိုမန်နိုင်ငံက လွှတ်တော်အမတ် တဦးဖြစ်သူ အယ်လ်ဘာ ဝမ်နီကတော့ မက်ဆီဝတ်ဆင်ခဲ့တဲ့ အာရပ်ခြုံလွှာကို ပြန်ပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ တသန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။

အဲဒီဝတ်ရုံဟာ ဉာဏ်ပညာနဲ့ ရဲရင့်မှုတွေရဲ့ အမှတ်အသားဖြစ်ပြီး  မက်ဆီဘက်က ပြန်လည် ပေးအပ်မယ်ဆိုရင် ကန်ဒေါ်လာ ၁ သန်း ပေးသွားမယ်လို့ တွစ်တာကနေ တဆင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up