ဖီဂျီကျွန်းနိုင်ငံတွင် ဝန်ကြီးချုပ်အသစ် ရွေးကောက်တင်မြှောက်

ဖီဂျီကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် စီတီဗီနီ ရာဘူကာဟာ ဒီဇင်ဘာလ ၂၄ ရက်မှာ ရွေးကောက်တင်မြှောက်ခံရပြီး သူ့ကို ညွှန့်ပေါင်းအစိုးရဖွဲ့စည်းမယ့် နိုင်ငံရေးပါတီတွေက မဲပေးရွေးချယ်ခဲ့တာပါ။
ရာဘူကာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ရွေးကောက်ပွဲပြီးနောက်ပိုင်း မပြီးပြတ်သေးတဲ့ လွှတ်တော်နဲ့ ၁၀ ရက်တာ မသေချာ မရေရာမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ဖရန့်ခ်ဘိန်နီမာရားမားရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၆ နှစ်တာ အာဏာရယူထားမှုကနေ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပါတယ်။
ဖီဂျီရဲ့ ဆိုရှယ်ဒီမိုကရက်တစ်လစ်ဘရယ်ပါတီ (SODELPA)နဲ့ ရာဘူကာရဲ့ ပြည်သူ့မဟာမိတ်နဲ့ နိုင်ငံတော်ဖက်ဒရေးရှင်းပါတီတို့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးတစ်ရပ်ဖွဲ့စည်းဖို့ အတွက် ဒီဇင်ဘာလ ၂၃ ရက်မှာမဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
ပါလီမန်လွှတ်တော်အတွင်း လျှို့ဝှက်မဲခွဲဆုံးဖြတ်မှုမှာ ပါလီမန်အဖွဲ့ဝင် ၂၈ ဦးက ရာဘူကာအပေါ် ထောက်ခံမဲပေးခဲ့ပြီး ရာထူးကနေ ဆင်းပေးရတော့မယ့် လက်ရှိဝန်ကြီးချုပ် ဖရန့်ခ် ဘိန်နာမာရားမား က ထောက်ခံမဲ ၂၇ မဲအထိ ရရှိခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးအတွက် ဒီမဲခွဲဆုံးဖြတ်မှုရလဒ်ဟာ မျှော်လင့်ထားတာထက် ပိုနီးစပ်ခဲ့ပါတယ်။
ဖီဂျီကျွန်းနိုင်ငံရဲ့ သမိုင်းကြောင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ရပ်တွေရှိခဲ့ပြီး အဲ့ဒီထဲကမှ အာဏာသိမ်းမှု ၂ ကြိမ်ကို ရာဘူကာက ၁၉၈၇ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တာပါ။
၂၀၁၃ ခုနှစ် ဖီဂျီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မတိုင်ခင်အထိ ဖီဂျီနိုင်ငံရဲ့ လူအများစုဖြစ်တဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ အိန္ဒိယတိုင်းရင်းသားလူမျိုးစုအုပ်စုကြီး နှစ်ခုကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင် မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။
နောက်ပိုင်းမှာမှ ဖီဂျီဌာနေတိုင်းရင်းသားလူမျိုးစုအပေါ် မျက်နှာသာပေးထားတဲ့ လူမျိုးရေးအခြေခံ မဲပေးစနစ်ကိုလည်း ဖီဂျီနိုင်ငံမှာပယ်ဖျက်ခဲ့ပါတယ်။