close

အစောဆုံးပွဲစဉ်ကစားရမည့်အပေါ် စပါးနည်းပြကွန်တေ မကျေနပ်

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အစောဆုံးပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်အသင်းနဲ့ လိဂ်ပွဲစဉ်ကစားသွားရမယ့် အပေါ် ကျေနပ်မှုမရှိကြောင်း စပါးနည်းပြကွန်တေက ပြောပါတယ်။

စပါးအသင်းမှာ အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ နောက်ခံလူ အဲရစ်ဒိုင်ယာတို့အပြင် ဗိုလ်လုပွဲကစားခဲ့ကြတဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားကစားသမားတွေလည်းရှိနေတာပါ။

အဆိုပါကစားသမားတွေဟာ ကမ္ဘာ့ဖလားအပြီးမှာ နားရက်အနည်းငယ်သာရပြီး ရက်ပိုင်းအတွင်းမှာပဲ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခဲ့ရတာပါ။

နည်းပြ ကွန်တေကတော့ ကမ္ဘာ့ဖလားအပြီးမှာ တစ်ပတ်ပဲခြားပြီးပွဲကစားရမှာက ထူးဆန်းတဲ့အခြေအနေဖြစ်ပြီး ကျေနပ်ပျော်ရွှင်စရာမဟုတ်ကြောင်း ပြောပါတယ်။

ကစားသမား ၁၂ ယောက်အထိ နောက်ဆုံး အဆင့်ပွဲစဉ်တွေဆက်ကစားရတာကြောင့် သူတို့ရဲ့ ကြံ့ခိုင်မှုအခြေအနေက ထိပ်တန်းအဆင့်မှာ ရှိနေကြောင်းလည်း နည်းပြကွန်တေက ပြောပါတယ်။ စပါးအသင်းဟာ စနေနေ့ည ၇ နာရီမှာ အစောဆုံးပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up