ကမ္ဘာ့ဖလားမတိုင်ခင်က ခြေစွမ်းထုတ်ပြကြရန် ကစားသမားများကို အာဆင်နယ်နည်းပြတိုက်တွန်း

အာဆင်နယ်အသင်းသားတွေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ခြေစွမ်းအတိုင်း ထုတ်ပြကြဖို့ နည်းပြအာတီတာကတိုက်တွန်းပါတယ်။
အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင်မှာ လီဗာပူး၊ စပါးနဲ့ ချဲလ်ဆီးအသင်းတွေကို အနိုင်ယူခဲ့ပြီး ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြတ် နိုင်ခဲ့တာပါ။
ကမ္ဘာ့ဖလားမတိုင်ခင်က ခြေစွမ်းအတိုင်း ကွင်းထဲမှာပြသနိုင်ဖို့လိုအပ်ပြီး ကစားသမားတွေကို သေချာတိုက်တွန်းထားပြီးဖြစ်တယ်လို့ နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ် အသင်းသားတွေပြသခဲ့တဲ့ အဆင့်အတန်းနဲ့ တည်ငြိမ်မှုဟာ ငယ်ရွယ်တဲ့ ကစားသမားတွေများတဲ့ အသင်းအတွက် လွယ်ကူတဲ့အခြေအနေမဟုတ်ကြောင်း၊ တစ်ဦးချင်းကော၊ အသင်းလိုက်ခြေစွမ်းပါ ပိုမိုတိုးတက်လာဖို့ နေ့စဉ်အာရုံစိုက် လုပ်ဆောင် နေကြောင်း အာတီတာက ပြောပါတယ်။
ဒီတစ်ပတ်မှာစတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်က အင်္ဂါနေ့မှာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။