close

အိုင်ဗရီကို့စ်တိုက်စစ်မှူး ဖိုဖာနာကို ချဲလ်ဆီးအသင်း ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ နော်ဝေကလပ် မိုဒီအသင်းထံကနေ  အိုဗရီကို့စ် လက်ရွေးစင်တိုက်စစ်မှူး ဒေးဗစ်ဒါထရို ဖိုဖာနာကို ပေါင် ၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အသက် ၂၀ နှစ်ပဲရှိသေးတဲ့ ဖိုဖာနာဟာ ပြီးခဲ့တဲ့ရာသီက နော်ဝေလိဂ်မှာ ၂၁ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့သူပါ။

ချဲလ်ဆီးအသင်းဟာ ဖိုဖာနာအတွက် မိုဒီနဲ့ အကြိုသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ အပြီးသတ်စာချုပ်ချုပ်ဆိုသွားမှာပါ။

အသင်းရှိတိုက်စစ်မှူး ဘရိုဂျာက ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိအနားယူရမှာဖြစ်တဲ့အတွက်  ဖိုဖာနာကို အစားထိုးခေါ်ယူလိုက်တာပါ။ 

ဒေးဗစ်ဖိုဖာနာဟာ ဘူရွန်ဒီကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အိုင်ဗရီကို့စ်အသင်းအတွက် ပထမဆုံးအကြိမ် ကစားပေးခဲ့ပြီး ခြေစွမ်းခြေစရှိသူအဖြစ် သတ်မှတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up