ပို့ကုန်မြှင့်တင်ရေးမူဝါဒကို ဦးစားပေးဆောင်ရွက်မည်ဟု တောင်ကိုရီးယားသမ္မတပြော

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက သူ့အစိုးရဟာ ပို့ကုန်မြှင့်တင်ရေးမူဝါဒကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နိုင်ငံတော်အခြေပြမိန့်ခွန်းအတွင်း ပြောလိုက်ပါတယ်။
ပို့ကုန်တွေဟာ ကုန်သွယ်မှုကို မှီခိုအားထားရတဲ့ စီးပွားရေးအတွက် အခြေခံနဲ့ အလုပ်အကိုင် အရင်းအမြစ် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ပို့ကုန်ကတဆင့် ရှုပ်ထွေးတဲ့ အကျပ်အတည်းကို ကျနော်တို့ ကျော်ဖြတ်ရမယ်”လို့ ယွန်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
ထောက်ပံ့မှု၊ ဝယ်လိုအားနဲ့ နိုင်ငံရေးအကြောင်းရင်းတွေ အပါအဝင် မတည်ငြိမ်မှုတွေ အများအပြား ရောနှောနေတဲ့ ကမ္ဘာ့စီးပွားရေးကိုလည်း ညွှန်ပြခဲ့ပါတယ်။
ဒီဇင်ဘာလမှာ တောင်ကိုရီးယားရဲ့ ပို့ကုန်တင်ပို့မှုဟာ မနှစ်ကနဲ့စာရင် ၃ လဆက်တိုက် ကျဆင်းသွားတာကို တနင်္ဂနွေနေ့မှာထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြထားပါတယ်။
ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် အစိုးရရဲ့ တရားဝင်စီမံကိန်းတွေ ကျဆင်းသွားမယ့် ၂၀၂၃ ခုနှစ် တနှစ်လုံးမှာ ပို့ကုန်တွေကျဆင်းမှုကို ရှောင်ရှားဖို့ ပို့ကုန်လုပ်ငန်းရှင်တွေကို ခိုင်မာတဲ့ မူဝါဒတွေနဲ့ ပံ့ပိုးပေးမယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။