close

မန္တလေး သံဃသမဂ္ဂ ဆရာတော် အရှင်အာစာရ ဖမ်းဆီးခံရ

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင် သပိတ်မှောက်ဆန္ဒပြလှုပ်ရှားမှာပါဝင်တဲ့ မန္တလေး သံဃသမဂ္ဂက ဆရာတော် အရှင်အာစာရ (ခ) သပိတ်ခင်ကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။

“သံဃသမဂ္ဂ (မန္တလေး) မှ ဦးအာစာရ (သပိတ်ခင်) သည် ဒီကနေ့ နေ့လယ်ပိုင်းအချိန်တွင် အဖမ်းဆီးခံလိုက်ရပါသည်။ သက်ဆိုင်သူအားလုံး အမြန်ဆုံး ရှောင်တိမ်းထားနိုင်ရန် သိစေအပ်ပါသည်။” လို့  ဆရာတော်တပါးက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ ရက်ကလည်း မန္တလေး အောင်မြေသာစံမြို့နယ်မှာ မလွန်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒြာစက္က နဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် ၁၆ ဦးကို  လက်လုပ်မိုင်းတချို့နဲ့အတူ ဖမ်းဆီးရမိတယ်လို့  စစ်ကောင်စီက စွပ်စွပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်ကလည်း မန္တလေး သံဃသမဂ္ဂက ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီး နဲ့ မန္တလေး သပိတ်အင်အားစုက ကိုပိုင်နွေဦး၊ ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင် တို့ကို စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မန္တလေး သံဃသမဂ္ဂက ဆရာတော်နဲ့ မန္တလေး သပိတ်အင်အားစုက လူငယ် ၄ ဦးတို့ကို နိုဝင်ဘာ ၂၄ ရက်က ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up