ချက်သမ္မတရွေးကောက်ပွဲအတွက် ပြည်သူများ မဲပေး

ချက်သမ္မတနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ချက်နိုင်ငံပြည်သူတွေဟာ ဇန်နဝါရီ ၁၃ ရက် နှောင်းပိုင်းမှာ မဲလာပေးကြပါတယ်။
တသီးပုဂ္ဂလအဖြစ် ဝင်အရွေးခံတဲ့ အသက် ၆၁ နှစ်အရွယ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပီတာ ပါဗဲလ် ဟာ နောက်ဆုံးမဲရုံ ၄ ခုထဲက ၂ ခုမှာ ဦးဆောင်နေပြီး အသက် ၆၈ နှစ် အရွယ် ဘီလျံနာသူဌေးကြီး လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အန်ဒရေးဂျ် ဘားဘစ္စ်ကတော့ တခြားမဲရုံ ၂ ရုံမှာ ထိပ်ကို ရောက်နေပါတယ်။
ပရာ့ဂ် မဲရုံရှိ မဲဆန္ဒရှင်တွေကတော့ ဒီကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။ သူတို့ ၂ ယောက်ကို မဲမပေးဘဲ အခြေအနေ အဆိုးရွားဆုံး ဆိုတဲ့ တခြားကိုယ်စားလှယ်လောင်းကိုမှ မဲထည့်သူလည်း ရှိပါတယ်။
မဲရုံတွေကို ည ၁၀ နာရီမှ ပိတ်မှာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်မှာ မနက် ၈ နာရီ ကနေ နေ့လယ် ၂ နာရီအတွင်း မဲရုံ ပြန်ဖွင့်ထားမှာဖြစ်ပါတယ်။
နိုင်ငံရဲ့ ဗဟိုအစိုးရမှာ သူတို့ရဲ့ကိုယ်စားပြု ကိုယ်စားလှယ်လောင်း မရှိပေမယ့် ပါဗဲလ်နဲ့ နောက်ဆုံး မဲဆန္ဒစာရင်းမှာ တတိယနေရာက အသက် ၄၄ နှစ်အရွယ် စီးပွားရေးပါမောက္ခ Danuse Nerudova အပြင် ဝင်အရွေးခံထားတဲ့ ၈ ဦးထဲက တခြားတဦးကိုလည်း အသိအမှတ်ပြုထား ပါတယ်။
လက်ရှိအချိန်မှာတော့ ဘားဘစ္စ် ဟာ အကြီးမားဆုံး အတိုက်အခံပါတီကို ခေါင်းဆောင်နေတာ ဖြစ်ပြီး သူ့ကို ရာထူးကနေ နုတ်ထွက်ထားတဲ့ သမ္မတဟောင်း နိုင်ငံရေးဝါရင့် Milos Zeman က ထောက်ခံပေးထားပါတယ်။
မဲတွေကို ရေတွက်နေတာကြောင့် ကနဦးရလဒ်တွေကို ဇန်နဝါရီ ၁၄ ရက် ညနေအစောပိုင်းမှာ မျှော်လင့်ထားပါတယ်။ ပထမအကျော့မှာတော့ ဘယ်ကိုယ်စားလှယ်လောင်းမှ ၅၀ ရာခိုင်နှုန်း ကျော် အနိုင်ရကြောင်း မတွေ့ရသေးပေမယ့် ထိပ်ဆုံးမှာ တစ်,ပြေးနေတဲ့ ၂ ဦးဟာ ၂ ပတ်အတွင်း ၂ ကျော့ပြန် မဲခွဲမှုမှာ တွေ့ဆုံနိုင်ကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။