close

ကယ်လီဖိုးနီးယားတွင် မုန်တိုင်းကြောင့် ၁၉ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ  ဇန်နဝါရီ ၁၄ ရက်က မုန်တိုင်း ၀င်ရောက်ခဲ့လို့ လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၆ ရက်မှစပြီး လေထုမြစ်လို့ ခေါ်တဲ့ အပူပိုင်းဒေသကနေ ကုန်းမြင့်ဒေသဆီ ဖြတ်သန်းတိုက်ခတ်တဲ့ ရေငွေ့ပါဝင်နှုန်းလည်း အင်မတန် များတဲ့ လေစီးကြောင်းတွေ မကြာမကြာ အရှိန်ပြင်းပြင်း တိုက်ခတ်နေခဲ့တာပါ။

ရေကြီးမှု၊ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု၊ ရွှံ့ပြိုမှုတွေကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းတာ တွေနဲ့အတူ လမ်းတွေကို ပိတ်ထားခဲ့ ရပါတယ်။

မုန်တိုင်းရာသီရဲ့ အဋ္ဌမမြောက် မုန်တိုင်းကြောင့် ဇန်နဝါရီ ၁၄ ရက်က အစောပိုင်းကစပြီး ကယ်လီဖိုးနီးယားမှာ မိုးသည်းသည်းထန်ထန် ရွာခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာန၊  မိုးလေဝသခန့်မှန်းရေးစင်တာက ပြောခဲ့ပါတယ်။

 ခြောက်ရက်ကြာခန့်မှန်းချက်အရ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ မိုးရေချိန် ၄ လက်မ ကနေ ၆ လက်မအထိ ရွာသွန်းနိုင်ပြီး တောင်ဘက်မှာ ၁ လက်မကနေ ၃ လက်မ အထိ ရွာသွန်းနိုင်တယ်လို့ ပြည်နယ် ရေအရင်းအမြစ်ဌာနက ဇန်နဝါရီ ၁၅ ရက်က ပြောပါတယ်။  ရေလမ်းကြောင်း ခုနစ်ခုထက်မနည်း ရေမြုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

မုန်တိုင်းရာသီရဲ့ နဝမမြောက်နဲ့ နောက်ဆုံးလေထုမြစ်ဟာ ဇန်နဝါရီ ၁၆ ရက်မှာ ကုန်းတွင်းကို ဆင်းဖို့ ရှိနေပြီး ရက်နည်းနည်း ကြာနိုင်တယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up