close

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အမှုဖွင့်ခံရ

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ နိုအယ်လွေဂရပ်ကို အကျင့်စာရိတ္တနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့တယ်လို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်တွေကို အရင်က ငြင်းဆိုခဲ့တဲ့ လွေဂရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က သူ့တာဝန်ကနေ နုတ်ထွက်ခဲ့ပြီး ဖိလစ်ပ်ဂျယ်လိုက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်လို့ FFF က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွေဂရပ်ကို မှတ်ချက်ပေးဖို့ အင်္ဂါနေ့ထိ ဆက်သွယ်လို့ မရသေးပါဘူး။ လွေဂရပ်က အမျိုးသမီးဝန်ထမ်း အများအပြားကို နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့အကြောင်း အစီရင်ခံခဲ့တဲ့ So Foot မဂ္ဂဇင်းကို အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ FFF က ပြောခဲ့အပြီး အားကစားဝန်ကြီးဌာနက စစ်ဆေးဖို့ ပြည်ထောင်စုစစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလက ညွှန်ကြားခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် လွေဂရပ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်ဘောလုံးသမား ဇီနက်ဒီဇီဒန်းကို ဝေဖန်မှုအတွက် ဘောလုံးသမားတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ပြစ်တင်ရှုတ်ချတာကိုလည်း ခံနေရပါတယ်။

FFF အကြီးအကဲအဖြစ် သူ့သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ၂ နှစ်အကြာ ၂၀၂၆ ခုနှစ်အထိ ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်ရဲ့ စာချုပ်ကို သက်တမ်းတိုးခဲ့တဲ့အတွက်လည်း သူဟာ ဝေဖန်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up