close

နောင်ချိုမြို့တွင် ၁၉ နှစ်အရွယ်အမျိုးသမီး ဖမ်းဆီးပြီး အမှုဖွင့်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကံကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မနန်းရွှေရည်ဖူးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း ဈေးကပြန်လာပြီး နားနေချိန် စစ်သားနဲ့ ရဲတွေက PDF တွေကို ထောက်ပံ့ပေးနေလို့ဆိုပြီး နောင်ချိုရဲစခန်းကို ဖမ်းသွားတာလို့ ဆိုပါတယ်။

ဖမ်းခံရပြီး နောက်နေ့မနက်မှာတော့ မနန်းရွှေရည်ဖူးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ )၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ( ည ) တို့ နဲ့ တရားခဲ့တယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတဦးက ပြောပါတယ်။

မနန်းရွှေရည်ဖူးကို နောင်ချို ရဲစခန်းမှာ လက်ရှိဖမ်းဆီးထားပြီး သီပေါအကျဉ်းထောင်ပို့မယ်ဆိုပြီး သတင်းတွေကြားနေရတယ်လို့ ဆိုပါတယ်။

မနန်းရွှေရည်ဖူးဟာ မတရားဖမ်းဆီးခံရတာဖြစ်ပြီး PDF တွေကို ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up