close

ရှင်းကျန်းပြဿနာအား နိုင်ငံရေးအရ အသုံးမချရန် ကနေဒါကို တရုတ်တိုက်တွန်း

အော်တာဝါက ဥပဒေပြုအမတ်တွေဟာ ဝီဂါမွတ်စလင်တွေ နေရာချထားရေးကို အကြောင်းရင်းခံပြုပြီး ရှင်းကျန်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ခြယ်လှယ်မှုအတွက် အသုံးမချဖို့ တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂ ရက်မှာ ကနေဒါနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှင်းကျန်းဒေသက ဝီဂါမွတ်စလင်ဒုက္ခသည် ၁၀,၀၀၀ ကို ကနေဒါနိုင်ငံကို ၂ နှစ်ကြာ အခြေချနေထိုင်ဖို့ စည်းနှောင်မှုမရှိတဲ့ အဆိုပြုချက်ကို ကနေဒါပါလီမန်မှာ ဖေဖော်ဝါရီ ၁ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြတာပါ။

ရှင်းကျန်းဒေသနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အရာမရောက်တဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေး ခြယ်လှယ်မှုတွေကို ရပ်တန့်ဖို့၊ သတင်းမှားတွေဖြန့်ပြီးတော့ လူထုကို လှည့်စားတာတွေ ရပ်တန့်ဖို့နဲ့ ကနေဒါဘက်က အမှန်တရားကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်ရှိမှာ ရှင်းကျန်းရဲ့ လူ့အဖွဲ့အစည်းဟာ လုံခြုံပြီး တည်ငြိမ်နေကြောင်းနဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်နေကြကြောင်း၊ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးစု အားလုံးရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေကလည်း စဉ်ဆက်မပြတ် တိုးတက်နေကြောင်း မော်နင်းက ပြောသွားပါတယ်။

Up