close

သိန်းနီမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ဂက်(စ်)အိုးများ ပေါက်ကွဲပြီး ကားများ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စုနဲ့ ပန်တီးကျေးရွာအုပ်စုအကြား ရွှေမောရှမ်း​ရေစင်အကွေ့မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက ဂက်စ်အိုးတွေတင်တဲ့ကားနဲ့ သဲတင်ကား တိုက်မိပြီး ကားတွေမီးလောင်ပျက်စီးခဲ့တယ်လို့ အနီးနားနေသူတွေက ပြောပါတယ်။

ယာဉ်‌‌မောင်း အောင်ကျော်မျိုးထွန်း မောင်းလာတဲ့ လားရှိုးမှ လောက်ကိုင်တက်မယ့် ဂက်(စ်)အိုးတင်‌ဆောင်လာတဲ့  ၆  ဘီးကားနဲ့ ယာဉ်မောင်း စိုင်း‌ကျော်သူ မောင်းလာတဲ့ ‌သဲတင် လာတဲ့ ၁၂ ဘီးကားတို့ တိုက်မိခဲ့ပြီး တင်ဆောင်လာတဲ့ ဂက်(စ်)အိုးတွေ ပေါက်ကွဲရာက‌‌နေ ကား ၂ စီးလုံး မီးလောင်ခဲ့တာပါ။

ကားမီးလောင်ပျက်စီးမှုကြောင့် ယာဉ်မောင်း ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပြီး လမ်းရှင်းလင်းရေး တွေ ဆောင်ရွက်ရတာကြောင့် ယာဉ်ကြောပိတ်ကာ လားရှိုး၊ ဟိုပန်၊ လောက်ကိုင်သို့ သွားမယ့် ယာဉ်တွေ အချိန် ၂ နာရီကြာ စောင့်ခဲ့ရတယ်လို့ သိရပါတယ်။

Up