close

ခိုးယူခံရသည့်ရှေးဟောင်းပစ္စည်းလက်ခံပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် တက်ရောက်

ခိုးယူခံရတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ လက်ဝတ်ရတနာ ရာပေါင်းများစွာကို ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို မတ် ၁၇ ရက်က ဖနွမ်းပင်မြို့တော်ရှိ ငြိမ်းချမ်းရေး နန်းတော်မှာ ကျင်းပခဲ့ပါတယ်။ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ခိုးယူခံရတဲ့ ရှေးဟောင်းပစ္စည်းတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့မှ ပြန်လည်ပေးအပ်ခြင်းအတွက် ကောင်းချီးပေးတဲ့ အခမ်းအနားကို တက်ရောက် ခဲ့ပါတယ်။ 

နေရပ်ပြန်ပို့ခံရတဲ့ ပစ္စည်းတွေထဲမှာ ဒေါင်းငှက်ရုပ်ပေါ် စီးနင်းနေတဲ့ ဟိန္ဒူစစ်ပွဲရဲ့ နတ်ဘုရား စက္ကန္ဒြာကို သရုပ်ဖော်ထားတဲ့ ၁၀ ရာစု သဲကျောက်ရုပ်တုလည်း ပါဝင်ပါတယ်။ 

ဒီရုပ်တုကို ၂၀၀၀ ပြည့်နှစ်က ဘန်ကောက်အခြေစိုက် ဗြိတိန်လူမျိုး အနုပညာပစ္စည်း ရောင်းချသူ ဒေါက်ဂလပ်စ် လက်ချ်ဖို့ဒ်က အနောက်တိုင်းဝယ်လက်တွေဆီကို ရောင်းချခဲ့တာပါ။ 

သူဟာဒီပစ္စည်းက လုယက်ခံရပြီး ခိုးသွင်းခဲ့တာဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းအတုတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ 

ခမာ အင်ပါယာရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ကို-ကယာမြို့ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ရှေးဟောင်းသုတေသန နေရာတွေဟာ ၁၉၆၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ပြည်တွင်းပဋိပက္ခကာလတွေမှာ လုယက်ခံခဲ့ရတာပါ။ 

ကမ္ဘောဒီးယားအစိုးရဟာ နိုင်ငံတကာဈေးကွက်ထဲမှာ ရောင်းချထားတဲ့ ခိုးယူခံရတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်လွှဲပြောင်းရရှိရေးကို ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ 

Up