close

ဂျပန်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး

ဂျပန်ဝန်ကြီးချုပ် ခိရှိဒဖုမိအိုဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်း-ရုရှား စစ်ရေးနဲ့ မြန်မာအရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ခီရှိဒနဲ့ ဟွန်ဆန်တို့ဟာ အခုနှစ်အတွင်း ကမ္ဘောဒီးယားက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အာဆီယံ ၁၀ နိုင်ငံထဲက အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက အကျပ်အတည်း ပဋိပက္ခကို ဖြေရှင်းဖို့ အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖွယ်ရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆိုခွန်း အာဆီယံ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံကို သွားမယ့် သုံးရက်ကြာ ခရီးစဉ်မတိုင်ခင်မှာပဲ အခုလို နှစ်နိုင်ငံခေါင်းဆောင်တွေ မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ။

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်ပြီး စစ်အုပ်စုကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်နဲ့ ပတ်သက်လို့တော့  နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုအဖြစ် ဂျပန်က ရှုတ်ချခဲ့ပါတယ်။ 

အခုနှစ်ဟာ ဂျပန်နိုင်ငံကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့- SDF တပ်ဖွဲ့ဝင်တွေကို ကမ္ဘောဒီးယားဆီ စေလွှတ်ခြင်း နှစ် ၃၀ ပြည့်နှစ်ဖြစ်ပြီး လုံခြုံရေးနယ်ပယ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ကတိပြုဖွယ်ရှိကြောင်းတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

စနေနေ့တုန်းက ဂျပန်ဝန်ကြီးချုပ် ခိရှိဒနဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီတို့က ယူကရိန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up