close

ဆန္ဒပြကြရန် ထောက်ခံသူများကို ဒေါ်နယ်ထရမ့် တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ခရိုင် ရှေ့နေရုံးက တင်သွင်းတဲ့ အမှုအတွက် မတ် ၂၁ ရက်မှာ အဖမ်းဆီးခံရနိုင်တယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောပြီး ဆန္ဒပြကြဖို့ ထောက်ခံသူတွေကို တောင်းဆိုတယ်လို့ Truth Social လူမှုကွန်ရက်မှာ မတ် ၁၈ ရက်က ရေးခဲ့ပါတယ်။

မန်ဟက်တန် ခရိုင်ရှေ့နေရုံးကနေ တရားမ၀င်ပေါက်ကြားမှုတွေကြောင့် သူ အဖမ်းခံရနိုင်တာကို သိတာလို့  အထောက်အထားမပြဘဲ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဘယ်လိုတရားစွဲမလဲဆိုတာကိုလည်း သူက မပြောပါဘူး။ 

“အကျင့်ပျက်ပြီး နိုင်ငံရေးအလွန်တက်ကြွတဲ့ မန်ဟက်တန်ခရိုင် ရှေ့နေရုံးကနေ တရားမ၀င် ပေါက်ကြားမှုတွေအရ ရာဇ၀တ်မှုဆိုတာ သက်သေမပြနိုင်တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်းနဲ့ အမေရိကန်သမ္မတဟောင်းကို လာမယ့်အပတ်အင်္ဂါနေ့မှာ ဖမ်းလိမ့်မယ် ဆန္ဒပြကြ၊ ငါတို့နိုင်ငံကို ပြန်ယူကြလို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာ မက်ဟန်တန် ခရိုင်ရှေ့နေ အယ်လ်ဗင် ဘရပ်ဂ်ရဲ့ ရုံးက ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးရေးရက်တွေမှာ ထရမ့်ကိုယ်ရေးရှေ့နေ မိုက်ကယ် ကိုဟန် ပေးဆောင်ခဲ့တဲ့ ဒေါ်လာ ၁၃၀,၀၀၀  ပေးချေမှုကို စုံစမ်းစစ်ဆေးတဲ့ စွဲချက်သက်သေခံ အထောက်အထားကို ခုံရုံးဆီ တင်ပြခဲ့ပါတယ်။ 

ခရိုင်ရှေ့နေရုံး ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အထိ ရီပတ်ဘလစ်ကန် ပါတီဝင် သမ္မတဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အိမ်ဖြူတော်ကို ပြန်သွားနိုင်ဖို့ မဲဆွယ်စည်းရုံးနေပါတယ်။ 

ထရမ့်ဟာ ၂၀၂၀ ရလဒ်တွေကို လွှမ်းမိုးဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ဂျော်ဂျီယာရှိ ပြည်နယ်အဆင့် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိုလည်း ရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီလက ရိုက်တာသတင်းဌာနရဲ့  စစ်တမ်းမှာ ရီပတ်ဘလီကန် ၄၃ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ ပါတီရဲ့ အစောပိုင်း ပြိုင်ဘက်တွေကို အမည်စာရင်းတင်သွင်းဖို့ ထရမ့်က ဦးဆောင်နေပါတယ်။

Up