ဖူဟမ်နှင့်ပွဲတွင် ဒိုင်ကိုဝိုင်းဝန်းဖိအားပေးခဲ့မှုဖြင့် မန်ယူအသင်းကို အက်ဖ်အေအရေးယူ

ဖူဟမ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ကွင်းလယ် ဒိုင်ကို ဝိုင်းဝန်းဖိအားပေးခဲ့တဲ့အတွက် မန်ယူအသင်းကို အက်ဖ်အေကအရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဖူဟမ်ကွင်းလယ်လူ ဝီလီယံရဲ့ လက်ထိဘောနဲ့ ပတ်သက်ပြီး ပင်နယ်တီပေးဖို့နဲ့ အနီကတ်ပြသဖို့အတွက် မန်ယူအသင်းသားတွေက ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းဖိအားပေးခဲ့ကြတာပါ။
ကွင်းလယ်ဒိုင် ခရစ္စကာဗန်နက်ချ်ဟာ VAR နဲ့ စစ်ဆေးအပြီးမှာ ဝီလီယံကို အနီကတ်ပြသကာ ပင်နယ်တီပေးခဲ့ပြီး တိုက်စစ်မှူး မီထရိုဗစ်နဲ့ နည်းပြမာကိုဆေးလ်ဗားတို့ကိုလည်း ထုတ်ပယ်ခဲ့တာပါ။
အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အသင်းသားတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့တဲ့ မန်ယူအသင်းကို ဒဏ်တပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် ဒိုင်ကို တွန်းထိုးခဲ့တဲ့ ဖူဟန်တိုက်စစ်မှူး မီထရိုဗစ်ကိုလည်း ပုံမှန် အနီကတ်ပြစ်ဒဏ်အတိုင်း ၃ ပွဲပယ်သာကျခံရမှာမဟုတ်ဘဲ ၁၀ ပွဲပယ်အထိ ပြစ်ဒဏ်ချမှတ်ဖို့ရှိပါတယ်။