close

ပဲခူး ဘုရားပွဲ အသံဗုံးပေါက်ပြီး အမျိုးသမီး၁ ဦးထိခိုက်ဒဏ်ရာရ

ပဲခူးမြို့၊ ရွှေမောဓောဘုရားပွဲ ဈေးဆိုင်တန်းမှာ မတ်လ ၂၈ ရက် ညနေ  ၅ နာရီကျော်လောက်မှာ  အသံဗုံးလို့ယူဆရတဲ့  ဗုံးတစ်လုံး ပေါက်ကွဲရာမှ ပွဲဈေးလာ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဘုရားပွဲ ယာဉ်ရပ်နားရာအနီးဈေးတန်းအတွင်း ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်မြင့်ရဲ့ ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးမြို့ခံ ကိုစိုးကြီးက “သူတို့ဖောက်ခွဲလိုက်တာ အချိန်ကလည်းစောတယ်။ လူသွားလူလာ မများတဲ့အချိန် ဖောက်ခွဲတာဆိုတော့ သတိပေးတဲ့အနေနဲ့ ခွဲတာဖြစ်မယ်။ မခင်မြင့်က အဲဒီနေရာတည့်တည့်မှ မတ်တတ်ရပ်မိနေတာ စိုးရိမ်စရာတော့မရှိပါဘူးလို့" ပြောပါတယ်။

အခုပေါက်ကွဲမှုကို ဘယ်အဖွဲ့က ‌လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မတ်လ ၂၆ ရက်‌ ညပိုင်းကလည်း အပျော်စီးလှေရဟတ် အတက်လမ်း ပြိုကျလို့ ဘုရားပွဲတော်လာ လူ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Up