close

ချမ်းမြသာစည်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ် ၁၂ လုံး ဆုံးရှုံး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊  ၅၁   လမ်း၊ ၁၀၅ လမ်းနဲ့ ၁၀၆ လမ်းကြားမှာ ဧပြီ ၁၀ ရက်‌  ဒီနေ့မနက်က ဝါယာရှော့ဖြစ်မီးလောင်တာကြောင့်  နေအိမ်  ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“မီးလောင်ချိန်က မိနစ် ၂၀ ကျော်လောက်ပဲကြာတာပါ။ နေအိမ်တွေက တအိမ်နဲ့တအိမ် ကပ်နေတာရယ်၊ သွပ်မိုးထရံကာ အိမ်တွေများတဲ့အတွက်  အခုလို ပျက်စီးဆုံးရှုံးမှုများသွားတာပါ” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့ မနက် ၅  နာရီ  ၁၂ မိနစ်လောက် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မန္တလေးတိုင်း မီးသတ်စခန်းနဲ့ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းက တပ်ဖွဲ့ဝင်‌တွေက  Level 1 အဆင့် မီးငြိမ်းသတ်ခဲ့ရကာ မနက် ၅ နာရီ ၂၉ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး  မနက် ၅ နာရီ ၃၄ မိနစ်မှာ  မီးငြိမ်းသွားတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကြောင့်  လူထိခိုက်မှုမရှိပေမဲ့ သွပ်မိုး ထရံကာ နှစ်ထပ်အိမ် ၂  လုံး၊ အုတ်နံကပ် နှစ် ထပ်တိုက် ၅ လုံး၊ သွပ်မိုး ထရံကာ တထပ်အိမ် ၂ လုံး၊ ကျောက်ပြားကပ်  နှစ်ထပ်တိုက် ၁ လုံး၊   ထရံကာ        မြေစိုက်အိမ်   ၂  လုံး၊ စုစုပေါင်းနေအိမ် ၁၂ လုံး တန်ဖိုးငွေကျပ် သိန်း နှစ်ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ မြို့နယ် မီးသတ်ဌာနက ပြောပါတယ်။

Up