close

နည်းပြနာဂယ်စ်မန်းနှင့် ချဲလ်ဆီးတာဝန်ရှိသူများ ဂျာမနီတွင် တွေ့ဆုံဆွေးနွေး

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘိုင်ယန်နည်းပြဟောင်းနာဂယ်စ်မန်းကို ဂျာမနီအထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့အားကစားဒါရိုက်တာ နှစ်ယောက်ဖြစ်တဲ့ လောရင့်စတီးဝါ့သ်နဲ့ ပေါလ်ဝင်စတန်လေတို့ဟာ နာဂယ်စ်မန်းနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး လာမယ့်ရာသီအတွက် လိုအပ်မယ့်အရာတွေကို ဆွေးခဲ့ကြတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ ယာယီနည်းပြလမ်းပတ်ဟာလည်း ရှုံးပွဲဆက်နေပေမဲ့ ရာသီမကုန်ခင်မှာ တခြား နည်းပြတစ်ဦး ခန့်အပ်တာမျိုးတော့ ရှိလာနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအားကစားဒါရိုက်တာစတီးဝါ့သ်နဲ့ နည်းစနစ်ဒါရိုက်တာ ခရစ္စှဗီဗဲလ်တို့ဟာ လိုက်ဇစ်အသင်းမှာ တာဝန်ယူစဉ်က နည်းပြနာဂယ်စ်မန်းနဲ့ အတူလက်တွဲခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။ 

Up