close

၁၉၂၈ ခုနှစ်နောက်ပိုင်း တရာသီအတွင်း ဂိုးအများဆုံးကစားသမားအဖြစ် ဟာလန်း စံချိန်တင်

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ဖူဟမ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပြီးနောက် ၁၉၂၈ ခုနှစ်နောက်ပိုင်းမှာ တရာသီအတွင်း ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဟာလန်းဟာ ဖူဟမ်နဲ့ပွဲမှာ ၁ ဂိုး သွင်းခဲ့ပြီးနောက် တရာသီအတွင်း ပြိုင်ပွဲစုံမှာ ဂိုး ၅၀ ပြည့် မြောက်ခဲ့တာပါ။ 

အင်္ဂလန်ဘောလုံးသမိုင်းမှာ တရာသီအတွင်းမှာ ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တာက ၁၉၂၈ ခုနှစ်က အဲဗာတန်ကစားသမား ဒစ်ဆီဒိန်းဖြစ်ပြီး သွင်းဂိုး ၆၀ အထိ သွင်းယူနိုင်ခဲ့တာပါ။

ဟာလန်းဟာ အလန်ရှီးယားနဲ့ အန်ဒီကိုးလ်တို့ စံချိန်တင်ထားတဲ့ တရာသီအတွင်း လိဂ်သွင်းဂိုး အများဆုံး စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့တာပါ။ 

ဖူဟမ်နဲ့ပွဲက ပင်နယ်တီသွင်းဂိုးဟာ ဟာလန်းအတွက် ပရီးမီးယားလိဂ် ၃၄ ဂိုးမြောက်ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေမှာ အလန်ရှီးယားနဲ့ အန်ဒီကိုးလ်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ ရှိနေပါတယ်။

ဟာလန်းဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးအများဆုံး ကစားသမားလည်းဖြစ်လို့ ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ရှိပါတယ်။ 

Up