close

မက်ဆီကို ဝေဖန်သည့် ပီအက်စ်ဂျီပရိသတ်များ တချိန် နောင်တရလိမ့်မည်ဟု မာရှေယာနိုပြော

မက်ဆီကို ဝေဖန်နေတဲ့ ပီအက်စ်ဂျီအသင်းပရိသတ်တွေအနေနဲ့ တချိန်မှာနောင်တရလိမ့်မယ်လို့ အာဂျင်တီးနားလက်ရွေးစင်ဟောင်း မာရှေယာနိုက ပြောသွားပါတယ်။

မာရှေယာနိုဟာ မက်ဆီနဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းမှာတွဲဖက်ကစားခဲ့ဖူးတာပါ။ မက်ဆီဟာ ခရီးသွားသံတမန်အနေနဲ့ ဆော်ဒီနိုင်ငံဆီ အလုပ်သဘောလည်ပတ်သွားခဲ့တာနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းက ပွဲပယ်ပြစ်ဒဏ်ချမှတ်သလို အသင်းပရိသတ်တွေဘက်ကလည်း မက်ဆီကို ဝေဖန်မှုတွေရှိခဲ့တာပါ။

မာရှေယာနိုကတော့ မက်ဆီလိုသမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားရှိနေတာဟာ ကံကောင်းမှုတစ်ခုဖြစ်ပြီး ပီအက်စ်ဂျီပရိသတ်တွေအနေနဲ့ နောက်ထပ် ၁၀ နှစ်ကြာတဲ့အထိ မက်ဆီလို ကစားသမားမျိုးကို စိတ်ကူးတောင်ယဉ်လို့ မရနိုင်ကြောင်း ပြောပါတယ်။

မက်ဆီရှိနေတာကို ကျေနပ်ပျော်ရွှင်ရမဲ့အစား ဝေဖန်နေတာဟာ တချိန်မှာ နောင်တရ နေလိမ့်မယ်လို့ မာရှေယာနိုက ပြောသွားပါတယ်။ 

Up