close

မက်ဆီ ဘာစီလိုနာဆီပြန်လာပါက လုပ်ခလျှော့ယူရမည်ဟု လာလီဂါဥက္ကဋ္ဌ ပြော

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဆီပြန်လာမယ်ဆိုရင် လုပ်ခလျှော့ယူရ လိမ့်မယ်လို့ လာလီဂါဥက္ကဋ္ဌ ဟာဘီယာတက်ဘက်စ်ကပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန် မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုလည်းရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆော်ဒီနိုင်ငံကို မိသားစုနဲ့ အလည်အပတ်သွားရောက်ခဲ့ရာမှာ အသင်းရဲ့ခွင့်ပြု ချက်မယူခဲ့လို့ဆိုပြီး မက်ဆီကို နှစ်ပတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ 

လာလီဂါဥက္ကဋ္ဌ တက်ဘက်စ် ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် လုပ်ခလစာလျှော့ယူ ရမှာဖြစ်ပြီး ကစားသမားတွေကိုလည်းရောင်းချရမှာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။ 

“ ဘာကာ အနေနဲ့ မက်ဆီကို ခေါ်ယူမယ်ဆိုရင် သူ့ရဲ့လုပ်ခလစာက ပီအက်စ်ဂျီမှာရနေတာထက် လျော့နည်း သွားလိမ့်မယ်။ မက်ဆီပြန်လာမယ့်အခြေအနေက ကစားသမားတွေရောင်းချမှုမှာ မူတည်နေတယ်။ ဒီနှစ်နွေရာသီမှာ ကစားသမားတွေ ရောင်းချမှုကနေ ဘာစီလိုနာအတွက် ကောင်းမွန်တဲ့ ပမာဏတစ်ခုရရှိမယ်လို့ထင်တယ်”လို့ တက်ဘက်စ်က ပြောပါတယ်။

လက်တလောသတင်းတွေအရတော့ ရာဖင်ညာ၊ ခရစ္စတီယန်ဆန်၊ ဒီယောင်တို့ဟာ ဘာစီလိုနာအသင်းအဓိကရောင်းချမယ့် ကစားသမားတွေ  သိရပါတယ်။ 

Up