close

ဆီးဂိမ်းပြိုင်ပွဲဝင် ကမ္ဘောဒီးယား ယူ-၂၂ ဘောလုံးအသင်းနည်းပြ ဟွန်ဒါ နုတ်ထွက်

ဆီးဂိမ်းပြိုင်ပွဲဝင် အိမ်ရှင် ကမ္ဘောဒီးယား ယူ-၂၂ ဘောလုံးအသင်းနဲ့ ကမ္ဘောဒီးယားလက်ရွေးစင်အသင်းတို့ရဲ့ ဂျပန်လူမျိုးနည်းပြ ဟွန်ဒါက အသင်းကိုနှုတ်ဆက်ကြောင်း ​မေ ၁၁ ရက် မနက်ပိုင်းမှာ သူ့ရဲ့ လူမူကွန်ရက် စာမျက်နှာပေါ်ကတဆင့် ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယား ယူ-၂၂ အသင်းဟာ ဆီးဂိမ်းမှာ အောင်မြင်မှုရရှိဖို့ ၅ နှစ်စီမံကိန်း ပရောဂျက်ရေးဆွဲကာ ဂျပန်လက်ရွေးစင် ကစားသမားဟောင်း ဟွန်ဒါကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့ အင်ဒိုနီးရှား ယူ-၂၂ အသင်းကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

“မင်းတို့သိတဲ့အတိုင်း ကမ္ဘောဒီးယားအသင်းရဲ့ ပရောဂျက်ဟာ မနေ့ညက ပြီးဆုံးသွားခဲ့ပါပြီ။ ပိုမိုကောင်းမွန်တဲ့ရလဒ်နဲ့ ပျော်ရွှင်စေလိုပေမဲ့ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ၂၀၁၈ မှာစခဲ့တဲ့ ပရောဂျက်အတွက် ထပ်တူခံစားခဲ့ရပါတယ်။ ခင်ဗျားတို့က ကျနော်တို့ရဲ့ အားအင်တွေဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရောဂျက်ကို အဆုံးထိ လုပ်နိုင်ခဲ့ပါတယ်။ ငါးနှစ်အတွင်း ပေးဆပ်ခဲ့ကြတဲ့ ကစားသမားတွေ‌ေရာ ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အိပ်မက် မက်ပါ၊ အိပ်မက်နောက်ကို ဆက်လိုက်ပါ” လို့ နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

ဟွန်ဒါဟာ ဂျပန်လက်ရွေးစင် ကစားသမားဟောင်းဖြစ်ပြီး ကမ္ဘောဒီးယား လက်ရွေးစဉ်အသင်းနဲ့ ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို ၂၀၁၈ ကနေ ၂၀၂၃ အထိ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။

Up