close

ကမ္ဘာဒီးယား

close

May 3, 2023

မြန်မာအသင်းအတွက် ကစားသမားရွေးချယ်ရာ တွင် အခက်တွေ့ရကြောင်း နည်းပြ ဖက်ချ်တန်ဘိုင်နာ ဝန်ခံ

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းအတွက် ကစားသမားရွေးချယ်ရာမှာ အခက်အခဲတွေ့ခဲ့ရ ကြောင်း နည်းပြမိုက်ကယ်ဖက်ချ်တန်ဘိုင်နာက ပြောသွားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အရှေ့တီမောကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အင်ဒိုနီးရှားဘောလုံးလောကနဲ့ နှိုင်းယှဉ်ပြောကြားရာမှာ မြန်မာအသင်းရဲ့ အခက်အခဲကို နည်းပြက ပြောပြခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ် အဖြစ် မေလ ၄ ရက်နေ့မှာ အင်ဒိုနီးရှား ယူ-၂၂အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

သူဟာအင်ဒိုနီးရှားကလပ် ဘင်တန်မက်ဒန်အသင်းမှာ တစ်ရာသီကြာ နည်းပြချုပ်အနေနဲ့ တာဝန်ယူခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားမှာ နည်းပြလုပ်ခဲ့တဲ့ အတွေ့အကြုံအရ သူတို့ဆီမှာ ကစားသမားကောင်းတွေထွက်ပေါ် နေတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်ပြိုင်ပွဲရှိပြီး  မြန်မာလိဂ်အခြေအနေနဲ့ မတူညီကြောင်း ဖက်ချ်တန် ဘိုင်နာကပြောပါတယ်။

နည်းပြ ဖက်ချ်တန်ဘိုင်နာက “လက်ရှိအနေအထားရ ကျနော်တို့မှာ ကစားသမားရွေးချယ်ဖို့ ခက်ခဲမှုတွေရှိပါတယ်။ လက်ရှိအသင်းမှာ အတွေ့အကြုံရှိကစားသမားက သုံးဦးပဲရှိတယ်။ ကျန်တဲ့ ကစားသမားတွေက ယူ-၁၈၊ ယူ-၁၉ အရွယ်တွေဖြစ်ပြီး နုနယ်လွန်းတဲ့အသင်းပါ။ အင်ဒိုနီးရှားနဲ့ပွဲက အရေးကြီးပြီး ရလဒ်ကောင်းရဖို့ ကြိုတင်ပြင်ဆင်သွားရပါမယ်” လို့  ပြောပါတယ်။

အုပ်စုတွင်းပြိုင်ဘက်တွေက မတူညီတဲ့အသင်းတွေဖြစ်လို့ တစ်ပွဲချင်းစီကို မတူညီတဲ့ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်သွားရမှာဖြစ်ကြောင်းလည်း နည်းပြ ဖက်ချ်တန်ဘိုင်နာက ပြောသွား ပါတယ်။ 

မြန်မာအသင်းဟာ မနေ့က အာဆီယံအသင်းတွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ အရှေ့တီမောအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားရာခဲ့ရာမှာ ခက်ခက်ခဲခဲနဲ့ ကစားရခဲ့ပြီးမှ (၁-၀) နဲ့ အနိုင်ခဲ့တာဖြစ်ပါတယ်။ 

တီမောအသင်းနဲ့ ပွဲစဉ်မှာ ပထမပိုင်းကစားပုံ ကောင်းခဲ့ပြီးတော့ ဂိုးတိုင်ထိထွက်တာ အပါအဝင် ဂိုးရသင့်လျက် မရခဲ့ဘူးလို့ နည်းပြ ဖက်ချ်တန် ဘိုင်နာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   

“ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ကျနော်တို့ ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံကိုတော့ စိတ်တိုင်းကျမှု မရှိပေမဲ့ အနိုင်ဂိုး ရခဲ့လို့ ကျေနပ်ပါတယ်။ ပွဲဦးထွက် အနိုင်ရဖို့က အရေးကြီးတာကြောင့် ကျနော့်ကစားသမားတွေ ကြိုးစားအားထုတ်မှု အတွက် ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲ ကစားပြီး တစ်ရက်ပဲ အနားရတာမို့ အင်ဒိုနီးရှားနဲ့ ပွဲအတွက် သေချာပြင်ဆင်သွားပါမယ်။”

မြန်မာအသင်းခေါင်းဆောင် ဇော်ဝင်းသိန်းကလည်း ဖန်တီးခွင့်တွေပြုလုပ်နိုင်ခဲ့ပေမဲ့ အဆုံးသတ် ကံမကောင်းခဲ့ကြောင်း၊ နိုင်ပွဲရရှိမှုအတွက် အသင်းဖော်အားလုံးကို ဂုဏ်ယူပါကြောင်း၊ နည်းပြ ညွှန်ကြားချက်အတိုင်း ကစားနိုင်ခဲ့ပေမဲ့ အမှားအယွင်းများ ရှိနေသေးပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းမွဖို့ ပြင်ဆင်ကြိုးပမ်းသွားမယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo-MFF

10 mins Ago

January 6, 2022

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးပြန်တက်ခွင့်ပြုရန် ကမ္ဘာဒီးယားကြိုးပမ်းနေ

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို တစ်ဖန်ပြန်လည်တက်ရောက်ခွင့်ပြုဖို့ ကြိုးပမ်းနေတယ်လို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းဟာ "ဒေသတွင်း တည်ငြိမ်ရေး၊ အာဆီယံရဲ့ပုံရိပ်၊ ယုံကြည်စိတ်ချရမှု၊ စည်းလုံးညီညွတ်မှုအတွက် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့လည်ပြောကြားခဲ့ပါတယ်။ 

စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က စီစဉ်တဲ့ ဇန်နဝါရီ ၃ ရက်က  ဟောပြောပွဲတခုမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လုံခြုံရေး အကျပ်အတည်းက ပိုနက်ရှိုင်းလာပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ဖို့အတွက် အကြောင်းအချက်အားလုံး လက်တကမ်းမှာ ရှိနေပြီလို့ ခံစားရကြောင်းလည်း ဆိုခွန်းက ပြောပါတယ်။

အခုက မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီး ရှိနေတာကတဖက်၊ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုလို့ခေါ်တဲ့ ပြည်သူတွေနဲ့ နိုင်ငံတဝန်းက ပြောက်ကျားလှုပ်ရှားမှုတွေကတဖက်ရှိနေတယ်လို့ ဆိုပါတယ်။ 

အခုလာမယ့် ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဝန်ကြီးဆိုခွန်းက ပယ်ချခဲ့ပြီး နိုင်ငံတော်ရဲ့အဆောတလျင် အာရုံစိုက်မှုဟာ မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးလမ်းပြမြေပုံနဲ့ ပြီးခဲ့တဲ့နှစ်က အာဆီယံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အချက် ၅ ချက် သဘောတူညီမှုကို အာရုံစိုက်ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီခရီးစဉ်ဟာ သက်ဆိုင်သူအားလုံးအကြား အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေးယုံကြည်မှုတွေအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ တိုးတက်မှုအတွက် လမ်းခင်းဖို့ ရည်ရွယ်တာဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက တိုးတက်မှု အရိပ်အယောင် မရှိသလောက်ပါပဲလို့ ဆိုပါတယ်။ 

မနှစ်က ဘရူနိုင်း အာဆီယံအထူးကိုယ်စားလှယ်ကို ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို စစ်အုပ်စုက ငြင်းဆိုခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံကို အာဆီယံ အထူးကိုယ်စားလှယ် လာရောက်မယ့်ခရီးစဉ် နှောင့်နှေးနေရတာပါ။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်အုပ်စုက ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ အတုံ့အပြန်အနေနဲ့ အာဆီယံကလည်း မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ကို အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးကနေ ဖယ်ထုတ်ခဲ့ပါတယ်။

PhotoCredit-Prak Sokhonn FaceBook

1 year Ago
Up