close

ကမ္ဘာမြေ

close

May 8, 2023

တရုတ်အာကာသယာဉ် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ

စမ်းသပ်ဆဲ တရုတ်အာကာသယာဉ်တစင်းဟာ ၂၇၆ ရက်ကြာ ပတ်လမ်းကြောင်းမှာ နေထိုင်ပြီးနောက် မေလ ၈ ရက်က ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး နိုင်ငံရဲ့ အာကာသနည်းပညာတွေကို စမ်းသပ်ဖို့ အထင်ကရ မစ်ရှင်တခု ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လွှတ်တင်ထားတဲ့ အာကာသယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျွန်ကွမ် လွှတ်တင်ရေးစခန်းကို မေလ ၈ ရက်မှာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လ အစောပိုင်းက လွှတ်တင်ခဲ့တာဖြစ်ပြီး အဆိုပါ အာကာသယာဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အများပြည်သူကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တရုတ်ဆိုရှယ်မီဒီယာပေါ်က ဝေဖန်သုံးသပ်သူတွေက ပေကျင်းဟာ နှစ်ပေါင်းများစွာ ပတ်လမ်းကြောင်းမှာ နေနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာကာသယာဉ်ဖြစ်တဲ့ အမေရိကန်လေတပ်ရဲ့ X-37 B လို အာကာသယာဉ်ကို တီထွင်နေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

X -37 B ဟာ ရက်ပေါင်း ၉၀၀ ကျော် သူ့ရဲ့ ပတ်လမ်းကြောင်းမှာ လည်ပတ်ပြီး သူ့ရဲ့ ဆဌမမြောက်နဲ့ နောက်ဆုံးမစ်ရှင်အတွက် အရင်နှစ် နိုဝင်ဘာက ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Source -CNA

13 mins Ago

March 13, 2023

နာဆာအာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ အန္တရာယ်ကင်းစွာပြန်ဆင်းသက်

နာဆာရဲ့ Space X Crew 5 ဟာ အာကာသထဲမှာ ၁၅၇ ရက်ကြာနေထိုင်ခဲ့ပြီး နိုင်ငံတကာအာကာသစခန်းသို့ လှည့်ပတ်တဲ့မစ်ရှင်ကို အောင်မြင်စွာအဆုံးသတ်ကာ မက္ကဆီကို နိုင်ငံ၊ တန်ပါကမ်းရိုးတန်း၊ ဖလော်ရီဒါပြည်နယ်မှာ မတ်လ ၁၁ ရက်က   အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့  နာဆာက ထုတ်ပြန်ပါတယ်။

နာဆာအုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆင်က "ဒီစူးစမ်းရှာဖွေသူတွေလုပ်ဆောင်တဲ့ တိုးတက်မှုဟာ တစ်ဦး တစ်ယောက်အတွက် အောင်မြင်မှု မဟုတ်ဘဲ လူသားအားလုံးအတွက် အရေးကြီးတဲ့ အရာတစ်ခုပါ"လို့ ပြောပါတယ်။

မန်း၊ ကတ်ဆာဒါ၊ဝါကာတနဲ့ ကိကိနာတို့က သူတို့ရဲ့ Crew-5 မစ်ရှင်အတွင်းမှာ မိုင်ပေါင်း သန်း ၆၆၀ ကျော် ခရီးကို ၁၅၇ ရက်ကြာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်တစ်လျှောက်မှာ Crew 5 အဖွဲ့ဝင်တွေဟာ သိပ္ပံနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ နည်းပညာဆိုင်ရာ သရုပ်ပြမှုတွေမှာ ပါဝင်ခဲ့ပြီး၊  ကာဆာဒါက နာဆာရ အာကာသယာဉ်မှူး ဖရန့်ရူဘိုင်အိုနဲ့ ပူးပေါင်းပြီး အာကာသတွင်း ၃ ကြိမ် လမ်းလျှောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာကာသစခန်းမှာ ရှိနေချိန် Crew အဖွဲ့ဝင်တွေဟာ မြေဆီလွှာကို အသုံးမပြုဘဲ အပင်များကြီးထွားဖို့၊ ရေအားလျှပ်စစ်နဲ့ လေယာဉ်နည်းပညာတွေကို စမ်းသပ်ခဲ့ပြီး၊ ဒိန်ချဉ်နဲ့ တဆေး အခြေခံအဖျော်ယမကာတို့ကနေ အဓိက အာဟာရ ဓာတ်ထုတ်လုပ်ဖို့ လိုအပ်တဲ့စနစ်တစ်ခုကိုလည်း စမ်းသပ်ခဲ့ပါတယ်။

Crew -5ပျံသန်းမှုဟာ Commercial Crew Program ရဲ့ တစိတ်တပိုင်းဖြစ်ပြီး နာဆာရဲ့ လနဲ့ အင်္ဂါဂြိုဟ်ကို လူသားရှာဖွေရေးပြင်ဆင်မှု အပါအဝင်၊ လူသားမျိုးနွယ်ရဲ့ သေးငယ်တဲ့ ဆွဲငင်အားစမ်းသပ်မှု ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းကို တိုးမြင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo - NASA

2 months Ago
Up