တရုတ်အာကာသယာဉ် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ

စမ်းသပ်ဆဲ တရုတ်အာကာသယာဉ်တစင်းဟာ ၂၇၆ ရက်ကြာ ပတ်လမ်းကြောင်းမှာ နေထိုင်ပြီးနောက် မေလ ၈ ရက်က ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး နိုင်ငံရဲ့ အာကာသနည်းပညာတွေကို စမ်းသပ်ဖို့ အထင်ကရ မစ်ရှင်တခု ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လွှတ်တင်ထားတဲ့ အာကာသယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျွန်ကွမ် လွှတ်တင်ရေးစခန်းကို မေလ ၈ ရက်မှာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ အစောပိုင်းက လွှတ်တင်ခဲ့တာဖြစ်ပြီး အဆိုပါ အာကာသယာဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အများပြည်သူကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
တရုတ်ဆိုရှယ်မီဒီယာပေါ်က ဝေဖန်သုံးသပ်သူတွေက ပေကျင်းဟာ နှစ်ပေါင်းများစွာ ပတ်လမ်းကြောင်းမှာ နေနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာကာသယာဉ်ဖြစ်တဲ့ အမေရိကန်လေတပ်ရဲ့ X-37 B လို အာကာသယာဉ်ကို တီထွင်နေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။
X -37 B ဟာ ရက်ပေါင်း ၉၀၀ ကျော် သူ့ရဲ့ ပတ်လမ်းကြောင်းမှာ လည်ပတ်ပြီး သူ့ရဲ့ ဆဌမမြောက်နဲ့ နောက်ဆုံးမစ်ရှင်အတွက် အရင်နှစ် နိုဝင်ဘာက ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
Source -CNA