နာဆာအာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ အန္တရာယ်ကင်းစွာပြန်ဆင်းသက်

နာဆာရဲ့ Space X Crew 5 ဟာ အာကာသထဲမှာ ၁၅၇ ရက်ကြာနေထိုင်ခဲ့ပြီး နိုင်ငံတကာအာကာသစခန်းသို့ လှည့်ပတ်တဲ့မစ်ရှင်ကို အောင်မြင်စွာအဆုံးသတ်ကာ မက္ကဆီကို နိုင်ငံ၊ တန်ပါကမ်းရိုးတန်း၊ ဖလော်ရီဒါပြည်နယ်မှာ မတ်လ ၁၁ ရက်က အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။
နာဆာအုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆင်က "ဒီစူးစမ်းရှာဖွေသူတွေလုပ်ဆောင်တဲ့ တိုးတက်မှုဟာ တစ်ဦး တစ်ယောက်အတွက် အောင်မြင်မှု မဟုတ်ဘဲ လူသားအားလုံးအတွက် အရေးကြီးတဲ့ အရာတစ်ခုပါ"လို့ ပြောပါတယ်။
မန်း၊ ကတ်ဆာဒါ၊ဝါကာတနဲ့ ကိကိနာတို့က သူတို့ရဲ့ Crew-5 မစ်ရှင်အတွင်းမှာ မိုင်ပေါင်း သန်း ၆၆၀ ကျော် ခရီးကို ၁၅၇ ရက်ကြာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်တစ်လျှောက်မှာ Crew 5 အဖွဲ့ဝင်တွေဟာ သိပ္ပံနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ နည်းပညာဆိုင်ရာ သရုပ်ပြမှုတွေမှာ ပါဝင်ခဲ့ပြီး၊ ကာဆာဒါက နာဆာရ အာကာသယာဉ်မှူး ဖရန့်ရူဘိုင်အိုနဲ့ ပူးပေါင်းပြီး အာကာသတွင်း ၃ ကြိမ် လမ်းလျှောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာကာသစခန်းမှာ ရှိနေချိန် Crew အဖွဲ့ဝင်တွေဟာ မြေဆီလွှာကို အသုံးမပြုဘဲ အပင်များကြီးထွားဖို့၊ ရေအားလျှပ်စစ်နဲ့ လေယာဉ်နည်းပညာတွေကို စမ်းသပ်ခဲ့ပြီး၊ ဒိန်ချဉ်နဲ့ တဆေး အခြေခံအဖျော်ယမကာတို့ကနေ အဓိက အာဟာရ ဓာတ်ထုတ်လုပ်ဖို့ လိုအပ်တဲ့စနစ်တစ်ခုကိုလည်း စမ်းသပ်ခဲ့ပါတယ်။
Crew -5ပျံသန်းမှုဟာ Commercial Crew Program ရဲ့ တစိတ်တပိုင်းဖြစ်ပြီး နာဆာရဲ့ လနဲ့ အင်္ဂါဂြိုဟ်ကို လူသားရှာဖွေရေးပြင်ဆင်မှု အပါအဝင်၊ လူသားမျိုးနွယ်ရဲ့ သေးငယ်တဲ့ ဆွဲငင်အားစမ်းသပ်မှု ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းကို တိုးမြင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo - NASA