close

ကာရေဂါ

close

March 20, 2023

စပါးနည်းပြကွန်တီ ရာထူးမှ ထုတ်ပယ်ခံချင်နေဟု ကာရေဂါပြော

စပါးအသင်းနည်းပြ ကွန်တီဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိကြောင်း အင်္ဂလန် နောက်ခံလူ ဟောင်းကာရေဂါက ပြောသွားပါတယ်။

ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃ ဂိုး စီသရေကျတဲ့ပွဲအပြီးမှာ ကစားသမားတွေထဲမှာ တစ်ကိုယ်ကောင်ဆန်တဲ့ သူတွေ အများကြီးရှိနေကြောင်း၊ အသင်းတစ်သင်းလို မြင်လို့မရကြောင်း ဝေဖန်ခဲ့တာပါ။ 

ပြီးခဲ့တဲ့လပိုင်းတွေကလည်း စပါးအသင်းရဲ့ ဆုဖလားလက်မဲ့မှု အခြေအနေတွေနဲ့ နည်းပြတွေကို ထုတ်ပယ်ဖို့ ဝန်မလေးတဲ့ အစဉ်အလာတွေကို နည်းပြကွန်တီက ဝေဖန် ခဲ့ဖူးပါတယ်။

အဲဒီလို ကိုယ့်အသင်းအပေါ် စည်းလွတ်ဝါးလွတ်ပြောနေပုံတွေကိုကြည့်မယ်ဆိုရင် နည်းပြကွန်တီဟာ အခုလာမယ့် နိုင်ငံတကာပွဲရက်သတ္တပတ်မှာပဲ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေပုံရကြောင်း ကာရေဂါက ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ်။ 

2 hours Ago

February 10, 2023

မာတီနက်ဇ်၏ ခြေစွမ်းအပေါ် မှားယွင်းစွာသုံးသပ်ခဲ့မိကြောင်း ကာရေဂါ ဝန်ခံ

မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ်ရဲ့ခြေစွမ်းအပေါ် မှားယွင်းစွာသုံးသပ်ခဲ့မိကြောင်း နောက်ခံလူဟောင်း ကာရေဂါကဝန်ခံစကားဆိုပါတယ်။

ဟော်လန်ကလပ် အိုင်းယက်စ်ကနေ မန်ယူအသင်းဆီပြောင်းရွှေ့လာချိန်က မာတီနက်ဇ်ဟာ အရပ် ၅ ပေ၉ လက်မပဲရှိတာကြောင့် ပရီးမီးယားလိဂ်ခြေစွမ်းပြနိုင်မှာမဟုတ်ကြောင်း ကာရေဂါက သုံးသပ်ခဲ့ဖူးတာပါ။

လက်ရှိအချိန်မှာတော့ မာတီနက်ဇ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၆ ပွဲဆက်တိုက်ပွဲထွက်ကစားပြီး ခြေစွမ်းပြသနိုင် ခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပါသေးတယ်။ လက်ရှိ အချိန်မှာတော့ မာတီနက်ဇ်ရဲ့ခြေစွမ်းက သူ့အပေါ်အံ့အားသင့်စေပြီး ထူးခြားတဲ့ ကစားသမားဖြစ် တယ်လို့ ကာရေဂါက ချီးကျူးပါတယ်။

ကစားသမားတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပြီး အကောင်းဆုံးကစားသမားတွေဟာ အားနည်း ချက်တွေကို ဖုံးဖိထားနိုင်ကြောင်း၊ မာတီနက်ဇ်ရဲ့  ခြေစွမ်းဟာ အရင်က ဝေဖန်ခဲ့မှုတွေကို မှားယွင်းစေခဲ့ကြောင်း ကာရေဂါကပြောသွားပါတယ်။

1 month Ago
Up