စပါးနည်းပြကွန်တီ ရာထူးမှ ထုတ်ပယ်ခံချင်နေဟု ကာရေဂါပြော

4
စပါးအသင်းနည်းပြ ကွန်တီဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိကြောင်း အင်္ဂလန် နောက်ခံလူ ဟောင်းကာရေဂါက ပြောသွားပါတယ်။
ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃ ဂိုး စီသရေကျတဲ့ပွဲအပြီးမှာ ကစားသမားတွေထဲမှာ တစ်ကိုယ်ကောင်ဆန်တဲ့ သူတွေ အများကြီးရှိနေကြောင်း၊ အသင်းတစ်သင်းလို မြင်လို့မရကြောင်း ဝေဖန်ခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းတွေကလည်း စပါးအသင်းရဲ့ ဆုဖလားလက်မဲ့မှု အခြေအနေတွေနဲ့ နည်းပြတွေကို ထုတ်ပယ်ဖို့ ဝန်မလေးတဲ့ အစဉ်အလာတွေကို နည်းပြကွန်တီက ဝေဖန် ခဲ့ဖူးပါတယ်။
အဲဒီလို ကိုယ့်အသင်းအပေါ် စည်းလွတ်ဝါးလွတ်ပြောနေပုံတွေကိုကြည့်မယ်ဆိုရင် နည်းပြကွန်တီဟာ အခုလာမယ့် နိုင်ငံတကာပွဲရက်သတ္တပတ်မှာပဲ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေပုံရကြောင်း ကာရေဂါက ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ်။