close

ကိယက်ဗ်မြို့

close

January 1, 2023

ကိယက်ဗ်မြို့၌ နှစ်သစ်ကူးည ပေါက်ကွဲသံများ ထွက်ပေါ်

နှစ်သစ်ကူးနေ့ ညသန်းခေါင်ကျော်အပြီး မကြာခင်မှာ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ရဲ့ အနီးတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာ သတင်းဌာနကို သတင်းပေးခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံတဝန်းလုံးမှာ လေကြောင်းတိုက်ခိုက်မှု ဥသြသံတွေ အဆက်မပြတ် မြည်နေတယ်လို့ အရေးပေါ် ဝန်ဆောင်မှုတွေက ပြောပါတယ်။ 

အချက်ပေးဥဩသံတွေနဲ့အတူ ကိယက်ဗ်မြို့ခံ တချို့က သူတို့ရဲ့ လသာဆောင်ကို ထွက်ပြီး "Glory to Ukraine- ယူကရိန်းအတွက် ဂုဏ်ယူတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

ကိယက်ဗ်မြို့ နဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လုပ်နေတယ်လို့ တယ်လီဂရမ် စာတိုပေးပို့ရေး အက်ပ်မှာ ပြောခဲ့ကြပါတယ်။ ပစ်မှတ်တွေကို ထိမှန်ခြင်း ရှိမရှိ ချက်ခြင်း မသိရသေးပါဘူး။ 

34 mins Ago

November 1, 2022

ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းမှ တကျော့ပြန်တိုက်ခိုက်

ရုရှားက လေကြောင်းကနေ ဒုံးကျည်တွေ မိုးရွာသလို ပစ်ခတ်ရင်း တကျော့ပြန် တိုက်ခိုက်နေလို့  အောက်တိုဘာ ၃၁ ရက်က ယူကရိန်းနိုင်ငံ တဝန်း လေကြောင်းစီးနင်းမှု ဥဩသံတွေ ဆူညံနေပြီး မြို့တော် ကိယက်ဗ်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်နေပါတယ်။ 

တိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့ပြီး နေရာအများအပြားမှာ လျှပ်စစ်နှင့် ရေ ပြတ်တောက်သွားတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားရဲ့ လေကြောင်းစီးနင်းမှုကြောင့် ကိယက်ဗ်မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် ရေပြတ်တောက်ခဲ့ ရတာပါ။ 

မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက လေးနာရီအတွင်း မြို့ရဲ့နေရာအများစုမှာ ပြန်ဖြန့်ဖြူး နိုင်မယ်လို့ ပြောပေမယ့် လူအများအပြားက ဈေးဆိုင်တွေမှာ ရေပြေးဝယ်ခဲ့ကြပါတယ်။

သိမ်းပိုက်ခံ ခရိုင်းမီးယားရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုကို  မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ ယူကရိန်းကို ရုရှားက အပြစ်တင်ခဲ့ပြီးတဲ့နောက် ခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

2 months Ago
Up