close

ကိုဗစ်-၁၉ အသစ်ကူးစက်မှု

close

September 8, 2022

အုတ်တွင်း အထက်တန်းကျောင်းတွင် ကျောင်းသူ ၁ ဦး ကိုဗစ်ဖြင့် သေဆုံးပြီးနောက် ကိုဗစ်ကူးစက်မှု ထပ်တွေ့

ကိုဗစ်ရောဂါနဲ့ ၇ တန်းကျောင်းသူတ‌ယောက် သေဆုံးခဲ့တဲ့ ပဲခူးတိုင်း အုတ်တွင်း အထက်တန်းကျောင်းမှာ ဆရာမ သုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ပေမဲ့ ကျောင်းမပိတ်ဘဲ ဆက်ဖွင့်ထားလို့ ကူးစက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အုတ်တွင်း အထက်တန်းကျောင်းနဲ့ ဗောဓိကုန်း အထက်တန်းကျောင်းက ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်ကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဆရာမသုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး တွေ့ခဲ့တာလို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းနှစ်ကျောင်းကို စစ်တာ ကလေးမလေး သေတဲ့ ကျောင်းက ဆရာမသုံးဦးနဲ့ ကျောင်းသားနှစ်ဦးဆီမှာ တွေ့တာ။ ပြီးတော့ ၇ တန်းသင်တဲ့ ဆရာမတွေ ကိုဗစ်ဖြစ်နေတာတောင် မသိဘူး။ ကလေးတွေဆီပါ ကူးနေတာ။ အဲ့ဒါကို ဟုမ်းကွာရန်တင်းပဲ ဝင်ခိုင်းတာ။ ကျောင်းကိုမပိတ်ဘူး။”

အုတ်တွင်း အထက်တန်းကျောင်းက ဆရာမနဲ့ ကျောင်းသားနှစ်ယောက်မှာ ပိုးတွေ့ပြီးနောက် ဆေးဖျန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို မတ်စ်ခ် တပ်ခိုင်းပြီး လက်ဆေးကာ ကျောင်းကို ဆက်လက်ဖွင့်နေတာလို့ ကျောင်းသားမိဘတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းကို ခဏပိတ်ပြီး ကိုဗစ်နဲ့ပတ်သက်ပြီး သေချာလုပ်စေချင်တယ်။ ပြီးစလွယ် မလုပ်စေချင်ဘူး။ ပရဟိတအဖွဲ့တွေကလည်း ကူညီနေတယ်။ ကျမတို့ကတော့ စိုးရိမ်တယ်။”

အုတ်တွင်းအထက်တန်းကျောင်းကို နေရာအနှံ့ ဆေးဖျန်းတာတွေ လုပ်ဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး ကျောင်းဆက်ဖွင့်ခိုင်းတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပိုးတွေ့တာပဲရှိတာ၊ ကိုဗစ်လက္ခဏာနဲ့ပတ်သက်ပြီး သူတို့မှာ ခံစားရတာမရှိဘူး။ ပြီးတော့ သူတို့တွေက ကိုဗစ်ဆေး နှစ်ကြိမ် သုံးကြိမ် ထိုးထားတဲ့သူတွေ။”

လတ်တလောမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ဆရာမသုံးယောက်၊ ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်ကို ဟုမ်းကွာရန်တင်း ဝင်ခိုင်းထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အုတ်တွင်းအထက်တန်းကျောင်းမှာ စက်တင်ဘာ ၅ ရက်က ၇ တန်းကျောင်းသူတယောက် မူးလဲကျပြီး ဆေးရုံအဆင့်ဆင့်ပိုခဲ့ရာ နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံမှာ စက်တင်ဘာ ၆ ရက် မနက်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

5 mins Ago

July 21, 2022

ထိုင်းတွင် တရက်တည်း ကိုဗစ်ကူးစက်မှုအသစ် ၂၆၀၀ ကျော်၊ ၂၃ ဦး ထပ်မံသေဆုံး

ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်ထားတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂,၆၀၇ ယောက်ရှိခဲ့ပြီး ၂၃ ယောက်ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂,၈၀၀ ကျော်ရှိခဲ့တာမို့ ရောဂါကူးစက်မှုနှုန်းက ပြန်လျော့နည်းလာခဲ့ပြီး သေဆုံးသူကတော့ အရင်တနေ့က ၁၉ ယောက်ရှိခဲ့တာမို့ ပိုတိုးလာတယ်လို့ ဆိုပါတယ်။

လတ်တလော ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂,၃၁၈ ယောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ အရေအတွက်ကတော့ ၂၃,၄၄၅ ယောက်ရှိနေကာ အဲဒီ အရင်နေ့က ၂၃,၁၇၉ ယောက်ထက် ပိုပြီးတော့ မြင့်တက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၆ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၄ သန်းကျော်ကတော့ အခု နှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၅၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၁,၀၇၉ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၉,၃၇၅ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင် ဘာလကုန်ထိ ၂ လထပ်မံပြီးတော့ တိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားသင့်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၅၇၁ ဒသမ ၃၃ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၆ ဒသမ ၃၉ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၅၄၁ ဒသမ ၇၂ သန်းကျော် ရှိနေတာပါ။

ရောဂါကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၇ နေရာမှာ ရှိနေပါတယ်။

2 months Ago

ဂျပန်တွင် ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ အယောက် ၁ သိန်းခွဲအထိ စံချိန်တင်

ဂျပန်နိုင်ငံမှာ ကူးစက်နှုန်းမြင့်တဲ့  အိုမီခရွန် BA.5 အမျိုးအစား ဗီဇမျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ သတ္တမလှိုင်း ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံရသူဦးရေဟာ အယောက်တသိန်းခွဲအထိ မြင့်တက်ခဲ့ပြီး ဇူလိုင် ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ  စံချိန်သစ်တင် ခဲ့ပါတယ်။

တိုကျိုတမြို့တည်းမှာ ရောဂါ ကူးစက်မှုအသစ် ၂၀,၄၀၁ ယောက်ကို အတည်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းကနေ ခုထိ မြို့တော်တိုကျိုမှာ ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း အသစ်ကူးစက်ခံရသူ အယောက် ၂၀,၀၀၀ ကျော်ခဲ့တာပါ။

ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုအနက် ၃၀ ဟာ ဗုဒ္ဓဟူးနေ့မှာ သူတို့စီရင်စုတွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံဦးရေ အမြင့်ဆုံး စံချိန်သစ်တွေကို အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

2 months Ago
Up