close

ဂျပန်တွင် ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ အယောက် ၁ သိန်းခွဲအထိ စံချိန်တင်

ဂျပန်နိုင်ငံမှာ ကူးစက်နှုန်းမြင့်တဲ့  အိုမီခရွန် BA.5 အမျိုးအစား ဗီဇမျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ သတ္တမလှိုင်း ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံရသူဦးရေဟာ အယောက်တသိန်းခွဲအထိ မြင့်တက်ခဲ့ပြီး ဇူလိုင် ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ  စံချိန်သစ်တင် ခဲ့ပါတယ်။

တိုကျိုတမြို့တည်းမှာ ရောဂါ ကူးစက်မှုအသစ် ၂၀,၄၀၁ ယောက်ကို အတည်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းကနေ ခုထိ မြို့တော်တိုကျိုမှာ ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း အသစ်ကူးစက်ခံရသူ အယောက် ၂၀,၀၀၀ ကျော်ခဲ့တာပါ။

ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုအနက် ၃၀ ဟာ ဗုဒ္ဓဟူးနေ့မှာ သူတို့စီရင်စုတွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံဦးရေ အမြင့်ဆုံး စံချိန်သစ်တွေကို အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

//
Up