close

ခရိုင်းမီးယား

close

March 20, 2023

ဖမ်းဝရမ်းထုတ်ခံထားရသည့် ရုရှားသမ္မတပူတင် ခရိုင်းမီးယားကို သွားရောက်

အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်ခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်းမီးယားကို မတ် ၁၈ ရက်မှာ ရောက်လာပါတယ်။

စီဗက်စတိုပိုမြို့က ရုရှားတင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး မီခေးလ် ရက်ဇ်ဗိုဇာယဲ့ဗ်က ပူတင်ကို ကြိုဆိုနှုတ်ဆက်ပြီး ကလေးဂေဟာနဲ့ အနုပညာကျောင်း အသစ်ကိုကြည့်ရှုဖို့ အံ့အားသင့်ဖွယ် လာလည်တာလို့ အရာရှိက ပြောပါတယ်။

ယူကရိန်းကနေ ကလေးရာပေါင်းများစွာကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ စစ်ရာဇ၀တ်မှုနဲ့ စွပ်စွဲပြီး နောက်တစ်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး(အိုင်စီစီ)က  ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

နိုင်ငံပိုင်မီဒီယာက ပူတင်ရဲ့ မှတ်ချက်ကို ချက်ချင်းထုတ်မပြခဲ့ပါဘူး။ ပူတင်ကတော့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ 

ပူတင်ရဲ့ ပြောခွင့်ရသူကတော့  ဖမ်းဝရမ်းကို  “တရားမဝင်လို့ ပျက်ပြယ်ပြီလို့ ခေါ်ခဲ့ပြီး အိုင်စီစီကတင်ပြတဲ့ မေးခွန်းတွေကို ရုရှားက “ဒေါသတကြီးတုံ့ပြန်ရင်း လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

3 hours Ago

February 18, 2023

ခရိုင်းမီးယားတိုက်ခိုက်မှု ဝါရှင်တန်ထောက်ခံဟု ရုရှားပြော

ခရိုင်းမီးယားကို ယူကရိန်းက တိုက်ခိုက်မှုတွေကို ဝါရှင်တန်က ထောက်ခံတယ်ဆိုတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်ရဲ့ မှတ်ချက်စကားတွေဟာ ဒီပဋိပက္ခမှာ အမေရိကန်ပါဝင်ခဲ့ကြောင်း ပြသနေတာလို့ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ရုရှားရဲ့ပင်လယ်နက်ရေတပ် အခြေစိုက်ရာ ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်း အပါအဝင် ခရိုင်းမီးယားကို ယူကရိန်းစစ်ပွဲရဲ့ အကြီးမားဆုံး မီးမောင်းထိုးပြမှုအဖြစ် အနောက်နိုင်ငံတွေနဲ့ ရုရှားသံတမန်တွေက ရှုမြင်ကြပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ရုရှားက သိမ်းယူထားတဲ့ ခရိုင်းမီးယားကို အနည်းဆုံး စစ်မဲ့နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အမေရိကန်က ယူဆထားပြီး ခရိုင်းမီးယားကျွန်းဆွယ်ရှိ စစ်ရေး ပစ်မှတ်တွေအပေါ် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို အမေရိကန်က ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နူလန်က ပြောကြားခဲ့တာပါ။

ခရိုင်းမီးယားကို တိုက်ဖို့ ဘယ်နေရာကိုပဲ ယူကရိန်းတွေက ဆုံးဖြတ်ပါစေ၊ ခရိုင်းမီးယားဟာ အနည်းဆုံးတော့ စစ်မဲ့နယ်မြေဖြစ်မလာရင် ယူကရိန်းလည်း ဘေးကင်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ယူကရိန်းပဋိပက္ခမှာ တိုးမြင့်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း မေးမြန်းရာမှာ နူလန်း က ရုရှားမှာ ပဋိပက္ခအတွက် အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှု အမြောက်အမြားရှိတယ်လို့ Nuland က ဝါရှင်တန်ရှိ ဘက်မလိုက် နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ဖြစ်တဲ့ ကာနက်ဂီ  နိုင်ငံတကာငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ 

1 month Ago
Up