ခရိုင်းမီးယားတိုက်ခိုက်မှု ဝါရှင်တန်ထောက်ခံဟု ရုရှားပြော

ခရိုင်းမီးယားကို ယူကရိန်းက တိုက်ခိုက်မှုတွေကို ဝါရှင်တန်က ထောက်ခံတယ်ဆိုတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်ရဲ့ မှတ်ချက်စကားတွေဟာ ဒီပဋိပက္ခမှာ အမေရိကန်ပါဝင်ခဲ့ကြောင်း ပြသနေတာလို့ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားရဲ့ပင်လယ်နက်ရေတပ် အခြေစိုက်ရာ ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်း အပါအဝင် ခရိုင်းမီးယားကို ယူကရိန်းစစ်ပွဲရဲ့ အကြီးမားဆုံး မီးမောင်းထိုးပြမှုအဖြစ် အနောက်နိုင်ငံတွေနဲ့ ရုရှားသံတမန်တွေက ရှုမြင်ကြပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ရုရှားက သိမ်းယူထားတဲ့ ခရိုင်းမီးယားကို အနည်းဆုံး စစ်မဲ့နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အမေရိကန်က ယူဆထားပြီး ခရိုင်းမီးယားကျွန်းဆွယ်ရှိ စစ်ရေး ပစ်မှတ်တွေအပေါ် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို အမေရိကန်က ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နူလန်က ပြောကြားခဲ့တာပါ။
ခရိုင်းမီးယားကို တိုက်ဖို့ ဘယ်နေရာကိုပဲ ယူကရိန်းတွေက ဆုံးဖြတ်ပါစေ၊ ခရိုင်းမီးယားဟာ အနည်းဆုံးတော့ စစ်မဲ့နယ်မြေဖြစ်မလာရင် ယူကရိန်းလည်း ဘေးကင်းမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ယူကရိန်းပဋိပက္ခမှာ တိုးမြင့်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်း မေးမြန်းရာမှာ နူလန်း က ရုရှားမှာ ပဋိပက္ခအတွက် အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှု အမြောက်အမြားရှိတယ်လို့ Nuland က ဝါရှင်တန်ရှိ ဘက်မလိုက် နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ဖြစ်တဲ့ ကာနက်ဂီ နိုင်ငံတကာငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။