close

ဖမ်းဝရမ်းထုတ်ခံထားရသည့် ရုရှားသမ္မတပူတင် ခရိုင်းမီးယားကို သွားရောက်

အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်ခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်းမီးယားကို မတ် ၁၈ ရက်မှာ ရောက်လာပါတယ်။

စီဗက်စတိုပိုမြို့က ရုရှားတင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး မီခေးလ် ရက်ဇ်ဗိုဇာယဲ့ဗ်က ပူတင်ကို ကြိုဆိုနှုတ်ဆက်ပြီး ကလေးဂေဟာနဲ့ အနုပညာကျောင်း အသစ်ကိုကြည့်ရှုဖို့ အံ့အားသင့်ဖွယ် လာလည်တာလို့ အရာရှိက ပြောပါတယ်။

ယူကရိန်းကနေ ကလေးရာပေါင်းများစွာကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ စစ်ရာဇ၀တ်မှုနဲ့ စွပ်စွဲပြီး နောက်တစ်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး(အိုင်စီစီ)က  ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

နိုင်ငံပိုင်မီဒီယာက ပူတင်ရဲ့ မှတ်ချက်ကို ချက်ချင်းထုတ်မပြခဲ့ပါဘူး။ ပူတင်ကတော့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ 

ပူတင်ရဲ့ ပြောခွင့်ရသူကတော့  ဖမ်းဝရမ်းကို  “တရားမဝင်လို့ ပျက်ပြယ်ပြီလို့ ခေါ်ခဲ့ပြီး အိုင်စီစီကတင်ပြတဲ့ မေးခွန်းတွေကို ရုရှားက “ဒေါသတကြီးတုံ့ပြန်ရင်း လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

Up