close

ချန်ပီယံဆု

close

May 8, 2023

မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ အယ်ကာရက်ဇ် ချန်ပီယံဆု ကာကွယ်

စပိန်နိုင်ငံမှာကျင်းပတဲ့ မက်ဒရစ်အိုးပင်း အမျိုးသားတင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ၂ ကစားသမား ကားလို့စ် အယ်ကာရက်ဇ်က ဂျာမနီကစားသမား ယန်းလန်းနတ် စတော့ဖ်ကို ၆-၄၊ ၃-၆၊ ၆-၃ ရလဒ်တွေနဲ့ အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါဟာ အယ်ကာရက်ဇ်အတွက် ဒီနှစ်ရဲ့ စတုတ္ထမြောက် ATP Tour ဆုဖလားဖြစ်တာကြောင့် စုစုပေါင်း ဆုဖလားပေါင်း ၁၀ ခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

မနှစ်က မက်ဒရစ်အိုးပင်းပြိုင်ပွဲမှာလည်း အယ်လ်ကာရက်ဇ်ကသာ ချန်ပီယံအောင်မြင်မှု ရရှိခဲ့တာပါ။

ဒီရာသီအစမှာ ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရတဲ့ အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာ အိုးပင်းပြိုင်ပွဲအတွင်း အကောင်းဆုံးပုံစံနဲ့အတူ ပြန်လာနိုင်ခဲ့သလို ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုပါ ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မကြာသေးမီကမှ အသက် ၂ဝ ပြည့်မြောက်ခဲ့တဲ့ ဒီစပိန်ကစားသမားကို စတော့ဖ် အနေနဲ့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာကြောင့် သူတို့နှစ်ဦးအကြား ပွဲစဉ် ၃ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ဆုံးပွဲစဉ်မှာ အယ်လ်ကာရက်ဇ်ကပဲ အနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့အဆင့်ရပ်တည်ချက်အတွင်း ရမှတ် ၁,၀၀၀ ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။

အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာလည်း ယူအက်စ်အိုးပင်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

2 mins Ago

မဲ့ချောင်အိုးပင်း ချန်ပီယံရှစ်ပြိုင်ပွဲ၌ တောင်ကိုရီးယားဂေါက်ရိုက်ကစားသမား ချန်ပီယံဆုရ

တောင်ကိုရီးယား ဂေါက်ရိုက်ကစားသမား ချန်မင်ဂျွန်ဟာ မေ ၇ ရက်ကကျင်းပတဲ့ မဲ့ချောင်အိုးပင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်  ၂၃ နှစ်အရွယ် ဒီကစားသမားက ပရော်ဖက်ရှင်နယ်အဖြစ် သုံးနှစ်တာ ဖြတ်သန်း ခဲ့ပြီးနောက် ဒီပြိုင်ပွဲရဲ့ တတိယအကျော့မှာ သတ်မှတ်ရိုက်ချက် ၆၆ ချက်ထက် ၅ ချက် လျှော့ရိုက်ကာ ချန်ပီယံအောင်မြင်မှုကို အခုလိုရရှိခဲ့တာပါ။ 

ဒီပြိုင်ပွဲရဲ့  စုစုပေါင်းသတ်မှတ်ရိုက်ချက် ၁၉၇ ချက်မှာလည်း ချန်မင်ဂျွန်က နမ်ဆိုးလ် ကန်းထရီး ကလပ်အတွင်း ၁၆ ချက်အထိ လျှော့ရိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Asian Tour ရဲ့ နောက်ထပ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုလွန် ကိုရီးယားအိုးပင်းပြိုင်ပွဲကိုတော့ လာမယ့်ဇွန်လအတွင်း တောင်ကိုရီးယားနိုင်ငံမှာသာ ဆက်လက်ကျင်းပသွားမှာပါ။ 

6 hours Ago

April 28, 2023

ချန်ပီယံဆုအတွက် လက်မလျှော့ဟု အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးပြော

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်လျှော့ အရှုံးပေးမှာမဟုတ် ကြောင်း ဂိုးသမား အာရွန်ရမ်စ်ဒေးက ပြောပါတယ်။

အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေတဲ့ အာဆင်နယ်ဟာ မနေ့တုန်းက ပွဲစဉ်မှာ မန်စီးတီးကို ၄ ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နှစ်ပွဲပိုကစားထားပေမဲ့ ၂ မှတ်သာကွာဟတော့တာပါ။

ဂိုးသမား ရမ်စ်ဒေးကတော့ ရှုံးပွဲအတွက်စိတ်ပျက်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ချန်ပီယံဆုအတွက် လက်လျှော့အရှုံးပေးလိုက်မှာ မဟုတ်ကြောင်းပြောခဲ့တာပါ။

အာဆင်နယ် အသင်းအနေနဲ့ လက်ကျန် ၅ ပွဲစလုံးကို အနိုင်ရရှိအောင်ကြိုးပမ်းသွားရမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်ရောက်မှ ဘယ်လိုအဆုံးသတ်မလဲဆိုတာ သိရမှာဖြစ်ကြောင်း ရမ်စ်ဒေးကပြောပါတယ်။

အာဆင်နယ်အနေနဲ့ မန်စီးတီးကပွဲထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သေချာပြီး လက်ကျန်ငါးပွဲကို အနိုင်ရဖို့ အရာအားလုံးလုပ်ဆောင်သွားမယ်လို့ ရမ်စ်ဒေးက ပြောသွားပါတယ်။

1 week Ago
Up