close

ချန်ပီယံဆုအတွက် လက်မလျှော့ဟု အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးပြော

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်လျှော့ အရှုံးပေးမှာမဟုတ် ကြောင်း ဂိုးသမား အာရွန်ရမ်စ်ဒေးက ပြောပါတယ်။

အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေတဲ့ အာဆင်နယ်ဟာ မနေ့တုန်းက ပွဲစဉ်မှာ မန်စီးတီးကို ၄ ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နှစ်ပွဲပိုကစားထားပေမဲ့ ၂ မှတ်သာကွာဟတော့တာပါ။

ဂိုးသမား ရမ်စ်ဒေးကတော့ ရှုံးပွဲအတွက်စိတ်ပျက်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ချန်ပီယံဆုအတွက် လက်လျှော့အရှုံးပေးလိုက်မှာ မဟုတ်ကြောင်းပြောခဲ့တာပါ။

အာဆင်နယ် အသင်းအနေနဲ့ လက်ကျန် ၅ ပွဲစလုံးကို အနိုင်ရရှိအောင်ကြိုးပမ်းသွားရမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်ရောက်မှ ဘယ်လိုအဆုံးသတ်မလဲဆိုတာ သိရမှာဖြစ်ကြောင်း ရမ်စ်ဒေးကပြောပါတယ်။

အာဆင်နယ်အနေနဲ့ မန်စီးတီးကပွဲထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သေချာပြီး လက်ကျန်ငါးပွဲကို အနိုင်ရဖို့ အရာအားလုံးလုပ်ဆောင်သွားမယ်လို့ ရမ်စ်ဒေးက ပြောသွားပါတယ်။

Up