ဘရားဇီး ဂန္ထဝင်ဘောလုံးကစားသမားကြီး ပီလီရဲ့ ကင်ဆာရောဂါဟာ အဆင့်ပိုမြင့်လာပြီး ကျောက်ကပ်နဲ့ နှလုံးဆိုင်ရာ ချို့ယွင်းမှုနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်တဲ့ ကျန်းမာရေးအစီရင်ခံစာအရ သိရပါတယ်။
အသက် ၈၂ နှစ်အရွယ် ပီလီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက အူမကြီးကင်ဆာကို ခံစားနေရပြီး သူ့ရဲ့ကုသမှုကို ဆရာဝန်တွေ ပြန်အကဲဖြတ်ဖို့ နိုဝင်ဘာ ၂၉ ရက်မှာ ဆေးရုံတင်ခဲ့တာပါ။
ပီလီဟာ ခရစ္စမတ်ကို ဆေးရုံမှာ ကုန်ဆုံးမယ်လို့ သမီးဖြစ်သူက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားတွေကို ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအတွက်လည်း ကုသမှုခံယူနေရတာပါ။
ပီလီဟာ မကြာသေးခင်က ကျန်းမာရေးပြဿနာတွေကို ခံစားခဲ့ရပြီး တင်ပါးဆုံရိုး ခွဲစိတ်ကုသခံခဲ့ရပါတယ်။ နောက်ပိုင်းတော့ သူဟာ သူ့ရဲ့ လူသိရှင်ကြား လှုပ်ရှားမှုတွေကို လျှော့ချခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ဂန္ထဝင်ဘောလုံးသမား ပီလီဟာ ဒီဇင်ဘာ ၂၃ ရက်က ဆာပေါ်လို အယ်လဘတ် အိုင်စတိန်းဆေးရုံကနေ ဆင်းပြီး ခရစ္စမတ်ကာလကို အိမ်မှာပဲ အနားယူရင်း ကုန်ဆုံးဖို့ ရှိတယ်လို့ ဆေးရုံက သတင်းထုတ်ပြန်ပါတယ်။
အူမကြီးအကျိတ်ကို ခွဲစိတ်ကုသမှုခံယူ ထားရတဲ့ ပီလီရဲ့ ကျန်းမာရေး အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ဆေးရုံက ကြေညာချက်ပါတယ်။
အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ ပီလီရဲ့ ရွှင်ရွှင်လန်းလန်း ဓာတ်ပုံလည်း သူရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။
“အားလုံးကို ပေးထားတဲ့ ကျနော့်ရဲ့ကတိအတိုင်း ခရစ္စမတ်ကာလကို မိသားစုနဲ့ အတူနေဖို့ အိမ်ပြန်နေပြီ၊ မေတ္တာပို့ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။
အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရတဲ့ ပီလီဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကျန်းမာရေး အခြေအနေ ယိုယွင်းလာခဲ့ပါတယ်။ တင်ပါးဆုံခွဲစိတ်ခဲ့တဲ့ နောက်ပိုင်းမှာ ဘေးက အကူပါမှ လမ်းလျှောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။