close

ဘရားဇီး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ရဲ့ ကင်ဆာရောဂါအခြေအနေ ပိုဆိုးလာ

ဘရားဇီး ဂန္ထဝင်ဘောလုံးကစားသမားကြီး ပီလီရဲ့ ကင်ဆာရောဂါဟာ အဆင့်ပိုမြင့်လာပြီး ကျောက်ကပ်နဲ့ နှလုံးဆိုင်ရာ ချို့ယွင်းမှုနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်တဲ့ ကျန်းမာရေးအစီရင်ခံစာအရ သိရပါတယ်။

အသက် ၈၂ နှစ်အရွယ် ပီလီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက အူမကြီးကင်ဆာကို ခံစားနေရပြီး သူ့ရဲ့ကုသမှုကို ဆရာဝန်တွေ ပြန်အကဲဖြတ်ဖို့ နိုဝင်ဘာ ၂၉ ရက်မှာ ဆေးရုံတင်ခဲ့တာပါ။

ပီလီဟာ ခရစ္စမတ်ကို ဆေးရုံမှာ ကုန်ဆုံးမယ်လို့ သမီးဖြစ်သူက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားတွေကို ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့  ဂန္ထဝင်ကစားသမားဟောင်းကြီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအတွက်လည်း ကုသမှုခံယူနေရတာပါ။

ပီလီဟာ မကြာသေးခင်က ကျန်းမာရေးပြဿနာတွေကို ခံစားခဲ့ရပြီး တင်ပါးဆုံရိုး ခွဲစိတ်ကုသခံခဲ့ရပါတယ်။ နောက်ပိုင်းတော့ သူဟာ သူ့ရဲ့ လူသိရှင်ကြား လှုပ်ရှားမှုတွေကို လျှော့ချခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up