ဒီမိုကရေစီ လိုလားသူ ဟောင်ကောင်သူဌေးကြီး ဂျင်မီလိုင်ကို သူ့ရဲ့လစ်ဘရယ်သတင်းစာတိုက် အတွက် အငှားစာချုပ်ကို ဖောက်ဖျက်ကျူးလွန်တဲ့ ပြစ်မှုအတွက် လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ၉ လ ပြစ်ဒဏ်ကို ဒီဇင်ဘာလ ၁၀ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
အသက် ၇၅ နှစ်အရွယ် လိုင်ဟာ ပုဂ္ဂလိကပိုင်မ္ပဏီ Dico အကြံပေးကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု တွေကို ဖုံးကွယ်ဖို့ လိမ်ညာကြိုးစားခဲ့တယ်ဆိုတဲ့ အမှုနဲ့ လက်ရှိမှာ အပိတ်ခံထားရတဲ့ Apple နေ့စဉ်သတင်းစာရုံးချုပ်အတွက် မြေငှားရမ်းမှုမှာ စည်းမျဉ်း ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
ဟောင်ကောင်ရဲ့ အထင်ရှားဆုံး တရုတ်ဝေဖန်ရေးသမား လိုင်ဟာ ၂၀၂၀ ၊ ဒီဇင်ဘာလကတည်း က ခွင့်ပြုချက်မရှိတဲ့ စုဝေးမှုတွေအတွက် ထောင်ဒဏ် လ ၂၀ ကျခံခဲ့ပြီး ဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုအပြီး Apple နေ့စဉ်သတင်းစာရဲ့ မိခင်ကုမ္ပဏီ Next Digital အတွက် ဦးဆောင်သူအကြီးအကဲလည်း ဖြစ်ပါတယ်။
Next Digital ရဲ့ တခြားအမှုဆောင်တစ်ဦးဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် ဝမ်ဝေ့ကွမ်းဟာလည်း ဒီလိမ်လည်မှုမှာ ပါဝင်တယ်ဆိုပြီး ထောင်ဒဏ် ၂၁ လ ချမှတ်ခံထားရပါတယ်။
တရားသူကြီးတွေက လက်ရှိ တရားစွဲဆိုထားတဲ့ အမှုတွေမှာ လိုင်က ဝန်ခံခဲ့တာကြောင့် ပြစ်ဒဏ် ကနေ ၃ လ နုတ်ယူခဲ့ပါတယ်။
တရားသူကြီးဖြစ်တဲ့ ချန်းကတော့ ဟောင်ကောင်သူဌေးကြီး လိုင်ကို ကုမ္ပဏီတိုင်းမှာ ဒါရိုက်တာ အဖြစ် တာဝန်ယူခွင့် ၈ နှစ်အထိ တားမြစ်မိန့်ပေးခဲ့သလို ဟောင်ကောင်ဒေါ်လာ ၂ သန်းကိုလည်း ဒဏ်ကြေး ရိုက်ခဲ့ပါတယ်။
လိုင်ရဲ့ရှေ့နေ့ ဒဲရစ်ချန်းကတော့ လိုင်ရဲ့အသက်အရွယ်နဲ့ ဟောင်ကောင်မီဒီယာ လောကအပေါ် အကျိုးပြုခဲ့တာတွေအပေါ် ထည့်သွင်းစဉ်းစားဖို့ တရားသူကြီးကို တိုက်တွန်းခဲ့ပါတယ်။
ဟောင်ကောင်က မီဒီယာသူဌေးကြီးနဲ့ တရုတ်ဝေဖန်ရေးသမား ဂျင်မီလိုင်ကို သူ့သတင်းစာတိုက် တည်ရှိရာ အဆောက်အအုံကို ငှားရမ်းတာနဲ့ပတ်သက်တဲ့ လိမ်လည်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရလို့ ဟောင်ကောင်တရားရုံးက ဒီဇင်ဘာ ၁၀ ရက်မှာ စီရင်ချက် ချတော့မှာဖြစ်ပါတယ်။
ဂျင်မီလိုင်ဟာ သူ့ရဲ့ အခုပိတ်လိုက်တဲ့ Apple Daily သတင်းစာတိုက်နေရာမှာ ရုံးခန်းနေရာကို မလျော်မကန် အသုံးပြုမှုနဲ့ ပတ်သက်ပြီး လိမ်လည်မှုအတွက် အောက်တိုဘာ ၂၅ ရက်က ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုတွေထဲက လိမ်လည်မှုနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် သူ့ယုံကြည်ချက်အတွက် ၁၀ နှစ် စီမံခန့်ခွဲခွင့် ပိတ်ပင်ခံရနိုင်ကြောင်းလည်း လိုင်ကို သတိပေးခဲ့ပါတယ်။
တရားမဝင် စုဝေးခြင်းအတွက် အစောပိုင်းကတည်းက ထောင်ကျခံနေရတဲ့ အသက် ၇၅ နှစ်အရွယ် သူဌေးကြီးကို တရုတ်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ ပြည်ပနိုင်ငံ တွေနဲ့ ပူးပေါင်းကြံစည်မှု အများအပြားအတွက် ဒီဇင်ဘာ ၁၃ ရက်မှာ ရုံးတင် စစ်ဆေးမှာဖြစ်ပါတယ်။
လိုင်ဟာ နိုင်ငံခြားတိုင်းပြည်တွေ သို့မဟုတ် ပြင်ပလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကြံစည်မှုကို ကျူးလွန်ဖို့အတွက် လျှို့ဝှက်ကြံစည်မှု ၂ ခု အပါအဝင် အမြင့်ဆုံး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် လိုင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လက သူ့ရဲ့သတင်းစာတိုက်ကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီးနောက် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခံလိုက်ရပြီး အပိတ်ခံလိုက်ရတဲ့ သူ့ရဲ့ Apple Daily သတင်းစာနဲ့ ဆက်နွှယ်နေတဲ့ ဆူပူအုံကြွမှု စွဲချက်နဲ့လည်း ရင်ဆိုင်နေရပါတယ်။
လိုင်ကို အကြိမ်ကြိမ် ဖမ်းဆီး တရားစွဲဆိုမှုတွေကြောင့် အနောက်နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဟာ သဘောထားကွဲလွဲမှုတွေနဲ့ သတင်းတွေ အပါအဝင် လွတ်လပ်ခွင့် တွေကို ချိုးနှိမ်ခံထားရကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။