close

ဟောင်ကောင်မီဒီယာသူဌေး ဂျင်မီလိုင် ထောင်ဒဏ် ၆ နှစ်နီးပါး ချခံရ

ဒီမိုကရေစီ လိုလားသူ ဟောင်ကောင်သူဌေးကြီး ဂျင်မီလိုင်ကို သူ့ရဲ့လစ်ဘရယ်သတင်းစာတိုက် အတွက် အငှားစာချုပ်ကို ဖောက်ဖျက်ကျူးလွန်တဲ့ ပြစ်မှုအတွက် လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ၉ လ ပြစ်ဒဏ်ကို ဒီဇင်ဘာလ ၁၀ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ 

အသက် ၇၅ နှစ်အရွယ် လိုင်ဟာ ပုဂ္ဂလိကပိုင်မ္ပဏီ Dico  အကြံပေးကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု တွေကို ဖုံးကွယ်ဖို့ လိမ်ညာကြိုးစားခဲ့တယ်ဆိုတဲ့ အမှုနဲ့ လက်ရှိမှာ အပိတ်ခံထားရတဲ့ Apple နေ့စဉ်သတင်းစာရုံးချုပ်အတွက် မြေငှားရမ်းမှုမှာ စည်းမျဉ်း ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ 

ဟောင်ကောင်ရဲ့ အထင်ရှားဆုံး တရုတ်ဝေဖန်ရေးသမား လိုင်ဟာ ၂၀၂၀ ၊ ဒီဇင်ဘာလကတည်း က ခွင့်ပြုချက်မရှိတဲ့ စုဝေးမှုတွေအတွက် ထောင်ဒဏ် လ ၂၀ ကျခံခဲ့ပြီး ဖြစ်ပါတယ်။ 

သူဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုအပြီး Apple နေ့စဉ်သတင်းစာရဲ့ မိခင်ကုမ္ပဏီ Next Digital အတွက် ဦးဆောင်သူအကြီးအကဲလည်း ဖြစ်ပါတယ်။

Next Digital ရဲ့ တခြားအမှုဆောင်တစ်ဦးဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် ဝမ်ဝေ့ကွမ်းဟာလည်း ဒီလိမ်လည်မှုမှာ ပါဝင်တယ်ဆိုပြီး ထောင်ဒဏ် ၂၁ လ ချမှတ်ခံထားရပါတယ်။ 

တရားသူကြီးတွေက လက်ရှိ တရားစွဲဆိုထားတဲ့ အမှုတွေမှာ လိုင်က ဝန်ခံခဲ့တာကြောင့် ပြစ်ဒဏ် ကနေ ၃ လ နုတ်ယူခဲ့ပါတယ်။ 

တရားသူကြီးဖြစ်တဲ့ ချန်းကတော့ ဟောင်ကောင်သူဌေးကြီး လိုင်ကို ကုမ္ပဏီတိုင်းမှာ ဒါရိုက်တာ အဖြစ် တာဝန်ယူခွင့် ၈ နှစ်အထိ တားမြစ်မိန့်ပေးခဲ့သလို ဟောင်ကောင်ဒေါ်လာ ၂ သန်းကိုလည်း ဒဏ်ကြေး ရိုက်ခဲ့ပါတယ်။ 

လိုင်ရဲ့ရှေ့နေ့ ဒဲရစ်ချန်းကတော့ လိုင်ရဲ့အသက်အရွယ်နဲ့ ဟောင်ကောင်မီဒီယာ လောကအပေါ် အကျိုးပြုခဲ့တာတွေအပေါ် ထည့်သွင်းစဉ်းစားဖို့ တရားသူကြီးကို တိုက်တွန်းခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up