close

မီဒီယာသူဌေး ဂျင်မီလိုင်ကို လိမ်လည်မှုဖြင့် ဟောင်ကောင်တရားရုံးက စီရင်ချက်ချမည်

ဟောင်ကောင်က မီဒီယာသူဌေးကြီးနဲ့ တရုတ်ဝေဖန်ရေးသမား ဂျင်မီလိုင်ကို သူ့သတင်းစာတိုက် တည်ရှိရာ အဆောက်အအုံကို ငှားရမ်းတာနဲ့ပတ်သက်တဲ့ လိမ်လည်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရလို့ ဟောင်ကောင်တရားရုံးက  ဒီဇင်ဘာ ၁၀ ရက်မှာ စီရင်ချက် ချတော့မှာဖြစ်ပါတယ်။ 

ဂျင်မီလိုင်ဟာ သူ့ရဲ့ အခုပိတ်လိုက်တဲ့ Apple Daily သတင်းစာတိုက်နေရာမှာ ရုံးခန်းနေရာကို မလျော်မကန် အသုံးပြုမှုနဲ့ ပတ်သက်ပြီး လိမ်လည်မှုအတွက် အောက်တိုဘာ ၂၅ ရက်က ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ 

ခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုတွေထဲက လိမ်လည်မှုနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် သူ့ယုံကြည်ချက်အတွက် ၁၀ နှစ် စီမံခန့်ခွဲခွင့် ပိတ်ပင်ခံရနိုင်ကြောင်းလည်း လိုင်ကို သတိပေးခဲ့ပါတယ်။ 

တရားမဝင် စုဝေးခြင်းအတွက် အစောပိုင်းကတည်းက ထောင်ကျခံနေရတဲ့ အသက် ၇၅ နှစ်အရွယ် သူဌေးကြီးကို တရုတ်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ ပြည်ပနိုင်ငံ တွေနဲ့ ပူးပေါင်းကြံစည်မှု အများအပြားအတွက် ဒီဇင်ဘာ ၁၃ ရက်မှာ ရုံးတင် စစ်ဆေးမှာဖြစ်ပါတယ်။ 

လိုင်ဟာ နိုင်ငံခြားတိုင်းပြည်တွေ သို့မဟုတ် ပြင်ပလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ကြံစည်မှုကို ကျူးလွန်ဖို့အတွက် လျှို့ဝှက်ကြံစည်မှု ၂ ခု အပါအဝင် အမြင့်ဆုံး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လိုင်ဟာ  ၂၀၂၁ ခုနှစ် ဇွန်လက သူ့ရဲ့သတင်းစာတိုက်ကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီးနောက် ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခံလိုက်ရပြီး အပိတ်ခံလိုက်ရတဲ့ သူ့ရဲ့ Apple Daily သတင်းစာနဲ့ ဆက်နွှယ်နေတဲ့ ဆူပူအုံကြွမှု စွဲချက်နဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

လိုင်ကို အကြိမ်ကြိမ် ဖမ်းဆီး တရားစွဲဆိုမှုတွေကြောင့် အနောက်နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဟာ သဘောထားကွဲလွဲမှုတွေနဲ့ သတင်းတွေ အပါအဝင် လွတ်လပ်ခွင့် တွေကို ချိုးနှိမ်ခံထားရကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up