close

ဂျရတ်

close

February 15, 2023

ချော်လဲခဲ့သည့်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဂျရတ်ကို နည်းပြ ဂွါဒီယိုလာ တောင်းပန်

၂၀၁၄ ခုနှစ်က ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ချော်လဲခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး  မှတ်ချက်ပေးခဲ့တဲ့အပေါ် နည်းပြ ဂွါဒီယိုလာက ဂျရတ်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းအပေါ် ဘဏ္ဍာရေးစည်းမျဉ်းအရ အရေးယူဖို့ စုံစမ်းစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ရာမှာ ဂျရတ်ရဲ့ ချော်လဲကျခဲ့တဲ့ ဖြစ်ရပ်ကို ထည့်သွင်းပြောခဲ့တာပါ။

၂၀၁၄ ခုနှစ်က လီဗာပူးအသင်းက ချန်ပီယံဆုဖလားရဖို့ အခြေအနေကောင်းခဲ့ပေမဲ့  ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဂျရတ်ရဲ့ ခြေချော်လဲကျမှုကြောင့် ဂိုးပေးလိုက်ရပြီး ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရတာပါ။

အဲဒီအချိန်က ဂျရတ် ခြေချော်ပြီး လဲကျခဲ့တဲ့အပေါ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဘက်မှာ တာဝန်မရှိဘူးလို့ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။

အဲဒီလို မှတ်ချက်ပေးခဲ့တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပြီး ဂျရတ်ကို တောင်းပန်ကြောင်း၊ ဂျရတ်ဟာ အဲဒီလိုဝေဖန်မှုနဲ့ ထိုက်တန်သူ မဟုတ်တာကြောင့် မိမိလုပ်ရပ်အပေါ် အရှက်ရမိကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

3 mins Ago

January 22, 2023

ချဲလ်ဆီးကစားသမားသစ် မူဒရစ်ခ်ကို ဂျရတ်က အာဂျန်ရော်ဘင်နှင့် နှိုင်းယှဉ်ချီးကျူး

ချဲလ်ဆီးတိုက်စစ်ကစားသမားသစ် မူဒရစ်ခ်ကို လီဗာပူးနဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျရတ်က အာဂျန်ရော်ဘင်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

ယူကရိန်းကစားသမား မူဒရစ်ခ်ဟာ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ၃၅ မိနစ်လောက် လူစားလဲလှယ်ပြီပါဝင်ကစားခွင့်ရခဲ့တာပါ။

အဲဒီအချိန်မှာ လီဗာပူးနောက်ခံလူတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာနဲ့ ဂိုမက်ဇ်ကို ကျော်ဖြတ်ပြီး မူဒရစ်ခ်က ဂိုးသွင်းခွင့်ရရှိခဲ့သေးတာပါ။

မူဒရစ်ရဲ့ ကစားပုံတချို့ဟာ ကစားသမားဟောင်း အာဂျန်ရော်ဘင်ကိုလည်း အမှတ်ရစေကြောင်း BT Sport ရဲ့ရုပ်သံအစီအစဉ်မှာ ဂျရတ်ကပြောပါတယ်။

ရော်ဘင်ဟာ ချဲလ်ဆီး၊ ရီးရဲလ်နဲ့ ဘိုင်ယန်မြူနစ်တွေမှာပြောင်းရွှေ့ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတောင်ပံ တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ် ကြပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ဦးသာဖြစ်မယ်ဆိုရင် မူဒရစ်ရဲ့ စွမ်းဆောင်ရည်က စိတ်လှုပ်ရှား စရာကောင်းမှာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ရောက်ရှိလာတာဖြစ် ကြောင်း ဂျရတ်ကချီးကျူးခဲ့ပါတယ်။ 

3 weeks Ago
Up