close

ဂျာမနီနည်းပြ

close

November 27, 2022

စပိန်နှင့် ကန်မည့်ပွဲ ဗိုလ်လုပွဲကဲ့သို့ဖြစ်မည်ဟု ဂျာမနီနည်းပြသုံးသပ်

စပိန်အသင်းနဲ့ ကန်ရမယ့် အုပ်စုဒုတိယပွဲစဉ်ဟာ   ဗိုလ်လုပွဲလို ဖြစ်လာလိမ့်မယ်လို့ ဂျာမနီ နည်းပြ ဟန်ဆီဖလစ်ခ်က ပြောပါတယ်။ 

ဂျာမနီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ စပိန်နဲ့ပွဲမှာ ထပ်ရှုံးခဲ့မယ် ဆိုရင် အုပ်စုအဆင့်ကနေ ထွက်ခွာရမှာပါ။ 

ဒါကြောင့် စပိန်နဲ့ပွဲဟာ  ပထမဆုံးဗိုလ်လုပွဲဖြစ်ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကလို အုပ်စုအဆင့် ကနေ ထွက်ရတာမျိုး မဖြစ်လိုကြောင်း နည်းပြဖလစ်ခ်က ပြောပါတယ်။ 

စပိန်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာပါ။ စပိန်အသင်း နည်းပြ အင်းနရစ်ကတော့ ဂျာမနီဟာ စပိန်အသင်းလိုပဲ ဘောလုံးပိုင်ဆိုင်မှု ရယူပြီး ကစားတတ်တဲ့ အသင်းဖြစ်လို့ စိန်ခေါ်မှုတွေနိုင်ပြီး အပြန်အလှန် တိုက်စစ်ဖွင့် ကစားကြမယ့်ပွဲဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ 

13 mins Ago

November 24, 2022

ဂိုးသွင်းခွင့်ပိုရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သည့်အပေါ် ဂျာမနီနည်းပြ စိတ်ပျက်

ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂျာမနီဘက်က ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြဟန်ဆီဖလစ်ခ်က ပြောပါတယ်။

ဂျာမနီဟာ ဂျပန်ကို ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးလိုက်ရပြီးရှုံးပွဲတွေ့ကြုံခဲ့ရ တာပါ။

ပွဲအပြီးမှာတော့ ဂျာမနီအသင်းက ၇၅ ရာခိုင်နူန်းလောက်အထိ ဘောလုံးပိုင်ဆိုင်မှုရခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြောင်း၊ ဂျပန်အသင်းက ရရှိတဲ့အခွင့်အရေးကို အပိုင်အသုံးချ နိုင်ခဲ့လို့ နိုင်ပွဲရယူသွားတာဖြစ်ကြောင်း နည်းပြ ဟန်ဆီဖလစ်ခ်ကပြောပါတယ်။

အဲဒီပွဲမှာ ဂျာမနီ ဘက်က ဂိုးကန်သွင်းခွင့် ၂၆ ကြိမ်အထိရရှိခဲ့ပြီး ဂျပန်ဂိုးသမားဂွန်ဒါက ၈ ကြိမ်အထိကာကွယ်မှုပြု လုပ်နိုင်ခဲ့တာပါ။

ဂျပန်အသင်းဘက်က ဂိုးသွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။  ဂျာမနီဟာ ဒီပွဲအရှုံးကြောင့် စပိန်နဲ့ကန်ရမယ့်ပွဲစဉ်ဟာ အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲစဉ်ဖြစ်လာဖို့ရှိ ပါတယ်။

3 days Ago
Up