ဂိုးသွင်းခွင့်ပိုရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သည့်အပေါ် ဂျာမနီနည်းပြ စိတ်ပျက်

ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂျာမနီဘက်က ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြဟန်ဆီဖလစ်ခ်က ပြောပါတယ်။
ဂျာမနီဟာ ဂျပန်ကို ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးလိုက်ရပြီးရှုံးပွဲတွေ့ကြုံခဲ့ရ တာပါ။
ပွဲအပြီးမှာတော့ ဂျာမနီအသင်းက ၇၅ ရာခိုင်နူန်းလောက်အထိ ဘောလုံးပိုင်ဆိုင်မှုရခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြောင်း၊ ဂျပန်အသင်းက ရရှိတဲ့အခွင့်အရေးကို အပိုင်အသုံးချ နိုင်ခဲ့လို့ နိုင်ပွဲရယူသွားတာဖြစ်ကြောင်း နည်းပြ ဟန်ဆီဖလစ်ခ်ကပြောပါတယ်။
အဲဒီပွဲမှာ ဂျာမနီ ဘက်က ဂိုးကန်သွင်းခွင့် ၂၆ ကြိမ်အထိရရှိခဲ့ပြီး ဂျပန်ဂိုးသမားဂွန်ဒါက ၈ ကြိမ်အထိကာကွယ်မှုပြု လုပ်နိုင်ခဲ့တာပါ။
ဂျပန်အသင်းဘက်က ဂိုးသွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီဟာ ဒီပွဲအရှုံးကြောင့် စပိန်နဲ့ကန်ရမယ့်ပွဲစဉ်ဟာ အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲစဉ်ဖြစ်လာဖို့ရှိ ပါတယ်။