စပိန်နှင့် ကန်မည့်ပွဲ ဗိုလ်လုပွဲကဲ့သို့ဖြစ်မည်ဟု ဂျာမနီနည်းပြသုံးသပ်

စပိန်အသင်းနဲ့ ကန်ရမယ့် အုပ်စုဒုတိယပွဲစဉ်ဟာ ဗိုလ်လုပွဲလို ဖြစ်လာလိမ့်မယ်လို့ ဂျာမနီ နည်းပြ ဟန်ဆီဖလစ်ခ်က ပြောပါတယ်။
ဂျာမနီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ စပိန်နဲ့ပွဲမှာ ထပ်ရှုံးခဲ့မယ် ဆိုရင် အုပ်စုအဆင့်ကနေ ထွက်ခွာရမှာပါ။
ဒါကြောင့် စပိန်နဲ့ပွဲဟာ ပထမဆုံးဗိုလ်လုပွဲဖြစ်ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကလို အုပ်စုအဆင့် ကနေ ထွက်ရတာမျိုး မဖြစ်လိုကြောင်း နည်းပြဖလစ်ခ်က ပြောပါတယ်။
စပိန်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာပါ။ စပိန်အသင်း နည်းပြ အင်းနရစ်ကတော့ ဂျာမနီဟာ စပိန်အသင်းလိုပဲ ဘောလုံးပိုင်ဆိုင်မှု ရယူပြီး ကစားတတ်တဲ့ အသင်းဖြစ်လို့ စိန်ခေါ်မှုတွေနိုင်ပြီး အပြန်အလှန် တိုက်စစ်ဖွင့် ကစားကြမယ့်ပွဲဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။