close

ငွေတိုက်စာချုပ်

close

June 8, 2022

ဟောင်ကောင်‌တွင်ကန်ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ ငွေတိုက်စာချုပ်များ တရုတ်ထုတ်ဝေမည်

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံတန် ငွေတိုက်စာချုပ်တွေကို ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသအတွင်း ဒီနှစ်ထဲမှာ ထုတ်ဝေသွားမယ်လို့ ဝန်ကြီးဌာနက ဇွန် ၇ ရက်မှာ ကြေညာပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံဖိုးနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၇ ဒသမ ၅ ဘီလီယံဖိုး ငွေတိုက်စာချုပ်တွေကို ပထမအသုတ်အနေနဲ့ ဇွန် ၁၅ ရက်မှာ ထုတ်ဝေမှာဖြစ်ပါတယ်။

ငွေတိုက်စာချုပ်တွေကို အသုတ်လေးသုတ်ခွဲပြီး ထုတ်ဝေသွားမှာဖြစ်ပြီး ဒါဟာ ဟောင်ကောင်က တရုတ်ပြည်မကြီးလက်အောက်ကို ပြန်ရောက်လာတဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

ပထမအသုတ်ထုတ်မယ့် ငွေတိုက်စာချုပ်တွေထဲမှာ ၂ နှစ်၊ ၃ နှစ်နဲ့ ၅ နှစ်သက်တမ်း ငွေတိုက်စာချုပ်က တရုတ်ယွမ်ငွေ ၂ ဒသမ ၅ ဘီလီယံဖိုးစီ အသီးသီး ထုတ်ဝေသွားမယ်လို့ ကြေညာချက်မှာ ဖော်ပါတယ်။

6 months Ago

May 16, 2022

ကိုရီးယားတွင် ကျင်းပသည့် တော်လှန်ရေးရန်ပုံငွေဘောလုံးပွဲတွင် ငွေတိုက်စာချုပ်နှင့် အစုရှယ်ယာ ဝမ်ငွေ ၂၁ သန်းကျော်ဖိုး ရောင်းရ

တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲမှာ  အမျိုးသားညီညွတ်ရေးအစိုးရ​ (NUG) ရဲ့ ငွေတိုက်စာချုပ်၊ စစ်ခေါင်းဆောင်ရဲ့ အင်းယားလမ်းနေအိမ်အစုရှယ်ယာရောင်းချမှုနဲ့ One Day Challenge ကမ်ပိန်းပြုလုပ်ခဲ့ရာမှာ စုစုပေါင်းကိုရီးယား ဝမ်ငွေ ၂၁,၁၅၀,၀၀၀ ရောင်းချရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေဖလားဘောလုံးပြိုင်ပွဲကို  တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်းနမ်းပြည်နယ်၊ ဂင်မဲမြို့မှာ မေလ ၁၅ ရက် မနက်က ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့က ဦးဆောင်ကျင်းပခဲ့တာပါ။

ဘောလုံးပြိုင်ပွဲမှာတော့ ကိုရီးယားနိုင်ငံရောက်မြန်မာလူငယ် အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တသင်းကို ကိုရီးယားဝမ်ငွေ ၅ သိန်း သတ်မှတ်ထားတယ်လို့ အဆိုပါပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မဝတ်ရည်က ပြောပါတယ်။

ဒီပွဲမှဦ NUG အစိုးရကိုယ်စားလှယ်ရုံးရဲ့ အထောက်ကူပြု အဖွဲ့ဝင်တွေက အခွန်ထမ်းသူရဲကောင်းတွေရွေးချယ်တာ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ကိုရီးယားအဖွဲ့က ONE DAY CHALLENGE  ကမ်ပိန်းလုပ်တာ  ၊ NUG ကိုယ်စားလှယ်ရုံးက ငွေတိုက်စာချုပ် Bonds ရောင်းချတာတွေပြုလုပ်ခဲ့သလို NUG ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ  ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပွဲကိုဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

7 months Ago
Up