close

ဟောင်ကောင်‌တွင်ကန်ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ ငွေတိုက်စာချုပ်များ တရုတ်ထုတ်ဝေမည်

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံတန် ငွေတိုက်စာချုပ်တွေကို ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသအတွင်း ဒီနှစ်ထဲမှာ ထုတ်ဝေသွားမယ်လို့ ဝန်ကြီးဌာနက ဇွန် ၇ ရက်မှာ ကြေညာပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံဖိုးနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၇ ဒသမ ၅ ဘီလီယံဖိုး ငွေတိုက်စာချုပ်တွေကို ပထမအသုတ်အနေနဲ့ ဇွန် ၁၅ ရက်မှာ ထုတ်ဝေမှာဖြစ်ပါတယ်။

ငွေတိုက်စာချုပ်တွေကို အသုတ်လေးသုတ်ခွဲပြီး ထုတ်ဝေသွားမှာဖြစ်ပြီး ဒါဟာ ဟောင်ကောင်က တရုတ်ပြည်မကြီးလက်အောက်ကို ပြန်ရောက်လာတဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

ပထမအသုတ်ထုတ်မယ့် ငွေတိုက်စာချုပ်တွေထဲမှာ ၂ နှစ်၊ ၃ နှစ်နဲ့ ၅ နှစ်သက်တမ်း ငွေတိုက်စာချုပ်က တရုတ်ယွမ်ငွေ ၂ ဒသမ ၅ ဘီလီယံဖိုးစီ အသီးသီး ထုတ်ဝေသွားမယ်လို့ ကြေညာချက်မှာ ဖော်ပါတယ်။

//
Up